ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟ​ဗက္ကုတ် 1:14-17 Common Language Bible (BCL)

14. ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ငါး​များ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အား​အုပ်​ချုပ်​လမ်း​ညွှန်​မည့်​သူ​မ​ရှိ​သည့်​ပိုး​အုံ​မွှား​အုံ​ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​တော်​မူ​ပါ​သ​နည်း။-

15. ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​လူ​တို့​အား​ငါး​များ​သ​ဖွယ် သံ​ချိပ်​များ​ဖြင့်​ဖမ်း​ဆီး​ကြ​ပါ​၏။ ပိုက်​ကွန်​များ​ဖြင့်​အုပ်​ဖမ်း​ဆွဲ​ထုတ်​နိုင်​သ​ဖြင့်​ဝမ်း​မြောက်​ဝမ်း​သာ​ဟစ်​အော်​ကြွေး​ကြော်​ကြ​ပါ​၏။-

16. သူ​တို့​သည်​မိ​မိ​တို့​ပိုက်​ကွန်​များ​ကြောင့်​စား​ဝတ်​နေ​ရေး​အ​တွက်​အ​လွန်​ချောင်​လည်​ကြ​သ​ဖြင့် ထို​ပိုက်​ကွန်​များ​အား​ရှိ​ခိုး​ဝတ်​ပြု​ကာ​ယဇ်​များ​ကို​ပင်​ပူ​ဇော်​ကြ​ပါ​၏။

17. သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား​ကို​ထာ​ဝ​စဉ်​အ​သုံး​ပြု​လျက် လူ​မျိုး​တ​ကာ​တို့​ကို​ရက်​စက်​စွာ​သုတ်​သင်​ဖျက်​ဆီး​လျက်​နေ​ကြ​ပါ​မည်​လော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟ​ဗက္ကုတ် 1