ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟ္ဂဲ 1:1-9 Common Language Bible (BCL)

1. ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။

2. အ​နန္တ​တန်​ခိုး​ရှင်​ထာဝရ​ဘုရား​က​ဟ္ဂဲ​အား``ဤ အ​ချိန်​အ​ခါ​သည် ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​သင့်​သည့်​အ​ချိန်​အ​ခါ​မ​ဟုတ် ဟု ဤ​သူ​တို့​ပြော​ဆို​ကြ​ပေ​သည်။-''

3. ဟု​မိန့်​တော်​မူ​ပြီး​နောက်​ပ​ရော​ဖက်​ဟ္ဂဲ​မှ တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် က​ပြည်​သူ​တို့​အား၊-

4. ``ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​အိမ်​ရာ ကောင်း​ကောင်း​များ​တွင်​နေ​ထိုင်​နေ​ကြ​သော် လည်း ငါ​၏​ဗိ​မာန်​တော်​သည်​ယို​ယွင်း​ပျက် စီး​လျက်​နေ​ပါ​သည်​တ​ကား။-''

5. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``မိ​မိ တို့​ကြုံ​တွေ့​နေ​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို သင်​တို့​မ​သိ​မ​မြင်​ကြ​သ​လော။-

6. သင်​တို့​သည်​ဂျုံ​စ​ပါး​အ​မြောက်​အ​မြား​ကို စိုက်​ပျိုး​ပါ​သော်​လည်း အ​နည်း​ငယ်​မျှ​သာ ရိတ်​သိမ်း​ရ​ကြ​ပေ​သည်။ သင်​တို့​တွင်​အ​စာ ရေ​စာ​ရှိ​သော်​လည်း​ဝ​စွာ​စား​ရန်​မ​လုံ လောက်၊ စ​ပျစ်​ရည်​ရှိ​သော်​လည်း​မူး​ယစ်​အောင် သောက်​ရန်​မ​လုံ​လောက်၊ အ​ဝတ်​အ​စား​များ ရှိ​သော်​လည်း နွေး​ထွေး​အောင်​ဝတ်​ဆင်​ရန် မ​လုံ​လောက်၊ အ​လုပ်​သ​မား​သည်​လည်း​စား ဝတ်​နေ​ရေး​အ​တွက် လုံ​လောက်​အောင်​လုပ်​ခ ကို​မ​ရ​ရှိ။-

7. အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ်​ပျက်​ရ​သည်​ကို သင်​တို့​မ​သိ​မ​မြင်​နိုင်​ကြ​ပါ​သ​လော။-''

8. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယ​ခု ပင်​တောင်​ကုန်း​များ​ပေါ်​သို့​တက်​၍​သစ်​များ ကို​ယူ​ဆောင်​လာ​ကာ ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ကြ​လော့၊ ထို​အ​ခါ​ငါ​သည်​နှစ် သက်​အား​ရ​လာ​လိမ့်​မည်။ ပြီး​လျှင်​ငါ့​အား ထိုက်​သင့်​သည့်​အ​တိုင်း​ဝတ်​ပြု​ကိုး​ကွယ် နိုင်​ကြ​လိမ့်​မည်​ဟု​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။''

9. ``သင်​တို့​သည်​အ​သီး​အ​နှံ​အ​မြောက်​အ​မြား ကို ရိတ်​သိမ်း​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​ခဲ့​သော် လည်း အ​နည်း​ငယ်​မျှ​သာ​ရ​ကြ​၏။ အိမ်​သို့ ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​၌​လည်း ငါ သည်​ယင်း​တို့​ကို​လေ​တွင်​လွင့်​စင်​သွား စေ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဤ​သို့​ငါ​ပြု​ရ သ​နည်း​ဆို​သော်​သင်​တို့​အား​လုံး​ပင် မိ​မိ တို့​နေ​အိမ်​များ​ကို​တည်​ဆောက်​မှု​ဖြင့်​အ​လုပ် ရှုပ်​ကာ၊ ငါ​၏​ဗိမာန်​တော်​ကို​မူ​ယို​ယွင်း​ပျက် စီး​လျက်​သာ​ရှိ​နေ​စေ​ကြ​သော​ကြောင့်​ဖြစ် ၏​ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟ္ဂဲ 1