ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 9:17-21 Common Language Bible (BCL)

17. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ် လူ​ငယ်​လူ​ရွယ်​ကို​မျှ ချမ်း​သာ​ပေး​တော်​မူ လိမ့်​မည်​မ​ဟုတ်။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​များ​အား​လည်း​က​ရု​ဏာ​ပြ​တော်​မူ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ အ​ပေါင်း​တို့​သည်​ဘု​ရား​မဲ့​လျက်​ယုတ်​မာ လျက်​ရှိ​ကြ​သည့်​အ​ပြင် ညစ်​ညမ်း​သည့် စ​ကား​ကို​သာ​လျှင်​ပြော​ဆို​ကြ​သော​ကြောင့် ဖြစ်​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​အ​မျက် တော်​မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ဆန့်​တန်း​ချိန်​ရွယ်​လျက်​ပင် ထား​တော်​မူ​၏။

18. လူ​တို့​၏​ယုတ်​မာ​မှု​သည် ဆူး​ပင်​အ​မျိုး​မျိုး ကို​ကျွမ်း​လောင်​စေ​သည့်​မီး​ကဲ့​သို့​တောက် လောင်​တတ်​၏။ တော​မီး​ကဲ့​သို့​တောက်​လောင်​၍ မီး​ခိုး​လုံး​ကြီး​များ​ကို​တက်​စေ​တတ်​၏။-

19. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​ကိုယ်​တော် ပေး​တော်​မူ​သော​အ​ပြစ်​ဒဏ်​သည် တစ်​ပြည် လုံး​တွင်​မီး​သ​ဖွယ်​တောက်​လောင်​ကာ​လူ တို့​အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ကိုယ်​လွတ်​ရုန်း ကြ​လိမ့်​မည်။-

20. နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​ရ​နိုင် သ​မျှ​သော​အ​စား​အ​စာ​များ​ကို​စား​ကြ သော်​လည်း အာ​သာ​မ​ပြေ​ဘဲ​ရှိ​လိမ့်​မည်။ သူ တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​ပင် ပြန်​၍​စား​ကြ​ပါ​သည်​တ​ကား၊-

21. မ​နာ​ရှေ​သား​ချင်း​စု​နှင့်​ဧ​ဖ​ရိမ်​သား​ချင်း စု​သည်​အ​ပြန်​အ​လှန်​တိုက်​ခိုက်​ကြ​ပြီး​လျှင် သူ​တို့​နှစ်​ဦး​ပေါင်း​၍​ယု​ဒ​သား​ချင်း​စု​ကို တိုက်​ခိုက်​ကြ​တော့​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​တော်​မ​ပြေ​ဘဲ​အ​ပြစ် ဒဏ်​ခတ်​တော်​မူ​ရန်​လက်​တော်​ကို​ချိန်​ရွယ် လျက်​ပင်​ထား​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 9