ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 8:1-13 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``စာ​ရေး​သင်​ပုန်း ကြီး​တစ်​ခု​ကို​ယူ​၍`မြန်​မြန်​တိုက်၊ မြန်​မြန်​လု' ဟူ​သည့်​စ​ကား​ရပ်​ကို​စာ​လုံး​ကြီး​ကြီး​နှင့် ရေး​မှတ်​လော့။-

2. ယုံ​ကြည်​စိတ်​ချ​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ နှင့်​ယေ​ဗ​ရ​ခိ​၏​သား​ဇာ​ခ​ရိ​နှစ်​ယောက်​တို့ အား အ​သိ​သက်​သေ​များ​အ​ဖြစ်​ဖြင့်​ခေါ် ထား​လော့'' ဟု​မိန့်​တော်​မူ​၏။

3. ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ငါ​၏ ဇ​နီး​သည်​သည်​ကိုယ်​ဝန်​ဆောင်​ကာ​သား​ယောကျာ်း ကို​ဖွား​မြင်​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း ``ထို​သား​ကို​မြန်​မြန်​တိုက်​မြန်​မြန်​လု​ဟု နာ​မည်​မှည့်​လော့။-

4. ထို​သူ​ငယ်​သည်​မေ​မေ၊ ဖေ​ဖေ​ဟူ​၍​ပင်​ခေါ် တတ်​သည့်​အ​ရွယ်​သို့​မ​ရောက်​မီ အာ​ရှု​ရိ ဘု​ရင်​သည် ဒ​မာ​သက်​မြို့​ရှိ​စည်း​စိမ်​ဥစ္စာ မှန်​သ​မျှ​နှင့်​ရှ​မာ​ရိ​မြို့​မှ​တိုက်​ရာ​ပါ ပစ္စည်း​များ​ကို​သိမ်း​ယူ​၍​သွား​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။

5. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​နောက်​တစ်​ဖန် မိန့်​တော်​မူ​ပြန်​၏။-

6. ကိုယ်​တော်​က``ဤ​လူ​စု​သည်​ဆိတ်​ငြိမ်​စွာ စီး​ဆင်း​လျက်​နေ​သော ရှိ​လောင်​ချောင်း​ရေ ကို​ပစ်​ပယ်​ကာ​ရေ​ဇိန်​မင်း​နှင့်​ပေ​ကာ​မင်း တို့​၏​ရှေ့​တွင်​တုန်​လှုပ်​လျက်​နေ​သ​ဖြင့်၊-

7. ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဘု​ရင်​နှင့် သူ​၏​တပ်​သား​များ​အား​ခေါ်​ယူ​၍ ယု​ဒ​ပြည် ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​ဥ​ဖ​ရတ် မြစ်​ရေ​လျှံ​သ​ကဲ့​သို့​ကျယ်​ပြန့်​စွာ​ချီ​တတ် လာ​ကြ​လိမ့်​မည်။-

8. အာ​ရှု​ရိ​ဘု​ရင်​နှင့်​တပ်​မ​တော်​တည်း​ဟူ​သော မြစ်​လျှံ​ရေ​တို့​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး သို့​ဆင်း​ဝင်​ကာ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​လူ တို့​လည်​မျို​လောက်​တိုင်​အောင်​လွှမ်း​မိုး​ကြ လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။အို ဧ​မာ​နွေ​လ​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော် သည်​မိ​မိ​မေတ္တာ​အ​တောင်​တော်​ကို​ဖြန့်​၍ ငါ တို့​ပြည်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။

9. အ​ချင်း​နိုင်​ငံ​ခြား​သား​အ​ပေါင်း​တို့​ကြောက်​ရွံ့ လျက်​စု​ဝေး​ကြ​လော့။ ရပ်​ဝေး​ဒေ​သ​မှ​လူ အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ စစ်​တိုက်​ရန် အ​သင့်​ပြင်​ဆင်​ကြ​လော့။ သို့​ရာ​တွင်​ကြောက် လန့်​လျက်​နေ​ကြ​လော့။ သင်​တို့​သည်​ယင်း​သို့ အ​သင့်​ပြင်​ဆင်​ကြ​သော်​လည်း​ကြောက်​လန့် လျက်​နေ​ရ​ကြ​၏။-

10. သင်​တို့​၏​စီ​မံ​ကိန်း​များ​ကို​ရေး​ဆွဲ​ကြ​လော့။ သို့​ရာ​တွင်​ထို​စီ​မံ​ကိန်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​ပြော လို​သ​မျှ​သော​စ​ကား​များ​ကို​ပြော​ဆို​ကြ​လော့။ သို့​ရာ​တွင်​ယင်း​တို့​သည်​အ​ချည်း​နှီး​သာ​လျှင် ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။

11. ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​လိုက်​သည့် လမ်း​စဉ်​ကို​မ​လိုက်​ရန် ငါ့​အား​ကြပ်​မတ်​စွာ သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊-

12. ``သင်​သည်​ထို​သူ​တို့​နှင့်​ကြံ​ရာ​ပါ​မ​ဖြစ် စေ​နှင့်။ သူ​တို့​ကြောက်​လန့်​သော​အ​ရာ​ကို မ​ကြောက်​နှင့်၊-

13. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​သည်​မြင့် မြတ်​သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​မ​မေ့​မ​လျော့ နှင့်။ သင်​ကြောက်​ရ​မည့်​သူ​ကား​ငါ​ပင်​တည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 8