19. ငါကိုယ်တိုင်ပင်လျှင်ယေရုရှလင်မြို့အတွက် ကြောင့်လည်းကောင်း၊ ထိုမြို့ရှိမြို့သူမြို့သား တို့၏အတွက်ကြောင့်လည်းကောင်းဝမ်းမြောက် ရွှင်လန်းရလိမ့်မည်။ ထိုမြို့တွင်ငိုကြွေးမှုနှင့် ကူပါကယ်ပါဟုဆိုသောသူများရှိလိမ့် မည်မဟုတ်။-
20. နို့စို့သူငယ်တို့သည်လည်းအရွယ်မရောက်မီ သေကြရတော့မည်မဟုတ်။ လူတိုင်းပင်သက် တမ်းစေ့နေရကြလိမ့်မည်။ အသက်တစ်ရာနေရ သူတို့ကိုပင်ငယ်ရွယ်သူများဟုထင်မှတ်ရ ကြလိမ့်မည်။ အသက်တစ်ရာမတိုင်မီသေဆုံး သူတို့ကိုမူကား ငါ၏အပြစ်ဒဏ်ခံရသည့် လက္ခဏာဟုမှတ်ယူကြလိမ့်မည်။-
21. လူတို့သည်အိမ်များကိုတည်ဆောက်၍မိမိ တို့ကိုယ်တိုင်နေထိုင်ရကြလိမ့်မည်။ ထိုအိမ် များတွင်မဆိုင်သူများနေရမည်မဟုတ် ပေ။ လူတို့သည်စပျစ်ဥယျာဉ်များကိုစိုက် ပျိုး၍စပျစ်သီးများကိုစားရကြလိမ့် မည်။-
22. စပျစ်ရည်ကိုလည်းအခြားသူများသောက် ရကြမည်မဟုတ်။ သစ်ပင်များသဖွယ်ငါ ၏လူမျိုးတော်သည်အသက်ရှည်ကြလိမ့် မည်။ သူတို့သည်မိမိတို့လုပ်အား၏အကျိုး ကျေးဇူးကိုအပြည့်အဝခံစားရကြ လိမ့်မည်။-
23. သူတို့ဆောင်ရွက်သည့်အလုပ်သည်အောင်မြင် ၍သူတို့၏သားသမီးများသည်ဘေးအန္တ ရာယ်ရောက်ရကြလိမ့်မည်မဟုတ်။ ငါသည် သူတို့နှင့်သူတို့သားမြေးများအားလာ လတ္တံ့ကာလအစဉ်အဆက်ကောင်းချီးပေး မည်။-
24. သူတို့ပြုသည့်ဆုတောင်းပတ္ထနာမပြီးမဆုံး မီ၌ပင်လျှင် ငါသည်သူတို့၏ပန်ကြားချက် ကိုနားညောင်းမည်။-
25. ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။