ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 65:13-21 Common Language Bible (BCL)

13. ထို့​ကြောင့်​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ငါ့​ကို ဝတ်​ပြု​သူ​တို့​သည်​ဖော​ဖော​သီ​သီ​စား​သောက် ရ​ကြ​လျက် သင်​တို့​မူ​ကား​ဆာ​ငတ်​မွတ်​သိပ် လျက်​ရေ​ငတ်​ကြ​လိမ့်​မည်။ ငါ​၏​ကျွန်​တို့ သည်​ပျော်​ရွှင်​ကြ​လျက် သင်​တို့​မူ​ကား​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ပြော​ကြား​၏။-

14. ငါ​၏​ကျွန်​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ရ​ကြ​လျက် သင်​တို့​မူ​ကား​စိတ် နှ​လုံး​ကြေ​ကွဲ​ကျိုး​ပဲ့​လျက်​ငို​ကြွေး​ရ ကြ​လိမ့်​မည်။-

15. ငါ​၏​ရွေး​ချယ်​တော်​ခံ​လူ​မျိုး​တော်​သည် သင်​တို့​နာ​မည်​ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး ပြု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း​သင်​တို့​အား​ကွပ်​မျက်​တော် မူ​မည်။ သို့​ရာ​တွင်​ငါ​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ငါ​သည်​နာ​မည်​သစ်​ကို​ပေး တော်​မူ​မည်။-

16. ပြည်​တော်​တွင်​ကောင်း​ချီး​မင်္ဂလာ​ခံ​ယူ​လို​သူ မှန်​သ​မျှ​သည်​သစ္စာ​တော်​အ​ရှင်၊ ဘု​ရား​သ​ခင် ၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ကြ​လိမ့်​မည်။ ကျိန်​ဆို​ပြော​ဆို​သူ​မှန်​သ​မျှ​သည်​လည်း သစ္စာ​တော်​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​နာ​မ​တော် ကို​တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ အ​တိတ် ကာ​လ​က​ဆင်း​ရဲ​ဒုက္ခ​များ​သည်​ကွယ်​ပျောက် သွား​လိမ့်​မည်။ ယင်း​တို့​ကို​လူ​တို့​သည်​မေ့ လျော့​သွား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

17. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ကမ္ဘာ​မြေ​ကြီး သစ်​နှင့်​မိုး​ကောင်း​ကင်​သစ်​ကို​ဖန်​ဆင်း​မည်။ အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​သည်​လုံး​ဝ မေ့​ပျောက်​၍​သွား​လိမ့်​မည်။-

18. ငါ​ဖန်​ဆင်း​တော်​မူ​သည့်​အ​မှု​၌​ထာ​ဝ​စဉ် အား​ရ​ဝမ်း​မြောက်​ကြ​လော့။ ငါ​ဖန်​ဆင်း​တော် မူ​သည့်​ယေ​ရု​ရှ​လင်​မြို့​သစ်​သည်​နှစ်​ထောင်း အား​ရ​ဖွယ်​ကောင်း​၍၊ ထို​မြို့​မှ​လူ​တို့​သည် လည်း​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လိမ့်​မည်။-

19. ငါ​ကိုယ်​တိုင်​ပင်​လျှင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက် ကြောင့်​လည်း​ကောင်း၊ ထို​မြို့​ရှိ​မြို့​သူ​မြို့​သား တို့​၏​အ​တွက်​ကြောင့်​လည်း​ကောင်း​ဝမ်း​မြောက် ရွှင်​လန်း​ရ​လိမ့်​မည်။ ထို​မြို့​တွင်​ငို​ကြွေး​မှု​နှင့် ကူ​ပါ​ကယ်​ပါ​ဟု​ဆို​သော​သူ​များ​ရှိ​လိမ့် မည်​မ​ဟုတ်။-

20. နို့​စို့​သူ​ငယ်​တို့​သည်​လည်း​အ​ရွယ်​မ​ရောက်​မီ သေ​ကြ​ရ​တော့​မည်​မ​ဟုတ်။ လူ​တိုင်း​ပင်​သက် တမ်း​စေ့​နေ​ရကြ​လိမ့်​မည်။ အ​သက်​တစ်​ရာ​နေ​ရ သူ​တို့​ကို​ပင်​ငယ်​ရွယ်​သူ​များ​ဟု​ထင်​မှတ်​ရ ကြ​လိမ့်​မည်။ အ​သက်​တစ်​ရာ​မ​တိုင်​မီ​သေ​ဆုံး သူ​တို့​ကို​မူ​ကား ငါ​၏​အ​ပြစ်​ဒဏ်​ခံ​ရ​သည့် လ​က္ခ​ဏာ​ဟု​မှတ်​ယူ​ကြ​လိမ့်​မည်။-

21. လူ​တို့​သည်​အိမ်​များ​ကို​တည်​ဆောက်​၍​မိ​မိ တို့​ကိုယ်​တိုင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ထို​အိမ် များ​တွင်​မ​ဆိုင်​သူ​များ​နေ​ရ​မည်​မ​ဟုတ် ပေ။ လူ​တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက် ပျိုး​၍​စ​ပျစ်​သီး​များ​ကို​စား​ရ​ကြ​လိမ့် မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 65