ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 64:8-12 Common Language Bible (BCL)

8. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ရွှံ့​စေး​နှင့်​တူ​၍ ကိုယ်​တော်​ရှင်​မူ​ကား​အိုး​ထိန်း​သည်​နှင့်​တူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့ အား​ဖန်​ဆင်း​တော်​မူ​ခဲ့​သည့်​အ​ရှင်​ဖြစ် သ​ဖြင့်၊-

9. ကျွန်​တော်​မျိုး​တို့​အ​ပေါ်​၌ အ​လွန်​အ​မင်း အ​မျက်​ရှ​တော်​မ​မူ​ပါ​နှင့်။ သို့​မ​ဟုတ်​လျှင် လည်း​ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို အ​စဉ်​မ​ပြတ်​အောက်​မေ့​သ​တိ​ရ​တော်​မ​မူ ပါ​နှင့်၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် ၏​လူ​မျိုး​တော်​ဖြစ်​၍ ကျွန်​တော်​မျိုး​တို့ အား​သ​နား​တော်​မူ​ပါ။-

10. ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ များ​သည် သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ်​၍ ယေ​ရု ရှ​လင်​မြို့​သည်​လည်း​ပျက်​စီး​ယို​ယွင်း လျက် လူ​သူ​ကင်း​မဲ့​ရာ​ဖြစ်​၍​နေ​ပါ​၏။-

11. ကျွန်​တော်​မျိုး​တို့​၏​ဗိ​မာန်​တော်၊ ကိုယ်​တော် ရှင်​အား​ကျွန်​တော်​မျိုး​တို့​ဘိုး​ဘေး​များ ထော​မ​နာ​ပြု​ရာ မြင့်​မြတ်​တင့်​တယ်​သန့်​ရှင်း သည့်​ဌာ​န​တော်​သည်​မီး​သင့်​လောင်​၍​သွား ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​ချစ်​မြတ်​နိုး​သည့် အ​ဆောက်​အ​ဦ​မှန်​သ​မျှ​သည်​လည်း ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​ပါ​၏။-

12. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ အ​မှု​အ​ရာ​များ​ကြောင့်​စိတ်​ထိ​ခိုက်​လှုပ်​ရှား မှု​ဖြစ်​တော်​မ​မူ​ပါ​သ​လော။ ကိုယ်​တော်​ရှင် သည်​ငြိမ်​သက်​စွာ​နေ​တော်​မူ​လျက်​ကျွန် တော်​မျိုး​တို့​အား​မိမိ​တို့​၏​ခံ​နိုင်​ရည်​ထက် ပို​၍​ဆင်းရဲ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​မည် လော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 64