1. ကိုယ်တော်ရှင်သည်အဘယ်ကြောင့်မိုးကောင်းကင် ကိုဖွင့်လှစ်၍ ဆင်းသက်ကြွလာတော်မမူပါ သနည်း။ တောင်များသည်ကိုယ်တော်ရှင်ကို မြင်၍ကြောက်လန့်တုန်လှုပ်ကြပါလိမ့်မည်။-
2. သူတို့သည်မီးပေါ်တွင် ဆူပွက်နေသည့်ရေကဲ့ သို့တုန်လှုပ်ကြပါလိမ့်မည်။ ကြွလာတော်မူ၍ ရန်သူတို့အား ကိုယ်တော်ရှင်၏တန်ခိုးတော် ကိုပြတော်မူပါ။ လူမျိုးတကာတို့အား ရှေ့တော်၌တုန်လှုပ်စေတော်မူပါ။-
3. အခါတစ်ပါးကကိုယ်တော်ရှင်သည်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့မမျှော်လင့်သည့် ကြောက်လန့်ဖွယ်ရာအမှုများကိုပြုတော်မူ ပါ၏။ တောင်များသည်ကိုယ်တော်ရှင်ကိုမြင် ၍ကြောက်စိတ်နှင့်တုန်လှုပ်ကြပါ၏။-
4. မိမိအားမျှော်ကိုးကြသူတို့အတွက်ဤ မည်သောအမှုတို့ကို ကိုယ်တော်ရှင်၏နည်း တူပြုတော်မူသည့်ဘုရားကိုအဘယ်သူ မျှမတွေ့မမြင်ဘူးပါ။ ထိုဘုရားအကြောင်း ကိုကြားလည်းမကြားဘူးကြပါ။-
5. ကိုယ်တော်ရှင်သည်မှန်ရာကိုပြုကျင့်၍ပျော်မွေ့ တတ်သူများအားလည်းကောင်း၊ ကိုယ်တော်ရှင် ၏အလိုတော်အတိုင်းပြုကျင့်ရန်မမေ့မ လျော့တတ်သူများအားလည်းကောင်းကြိုဆို လက်ခံတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးတို့အားအမျက်ထွက်တော်မူသော် လည်း ကျွန်တော်မျိုးတို့သည်အပြစ်ကူးမြဲ ကူးလျက်နေကြပါ၏။ ကိုယ်တော်အမျက် ထွက်နေပါလျက်ကျွန်တော်မျိုးတို့သည် အမှားကိုပြုမြဲပြုကြပါ၏။ ရှေးယခင် ကစ၍ဤသို့ပြုခဲ့မိကြပါ၏။-
6. ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။-
7. ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။
8. သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊-