ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 64:1-5 Common Language Bible (BCL)

1. ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​မိုး​ကောင်း​ကင် ကို​ဖွင့်​လှစ်​၍ ဆင်း​သက်​ကြွ​လာ​တော်​မ​မူ​ပါ သ​နည်း။ တောင်​များ​သည်​ကိုယ်​တော်​ရှင်​ကို မြင်​၍​ကြောက်​လန့်​တုန်​လှုပ်​ကြ​ပါ​လိမ့်​မည်။-

2. သူ​တို့​သည်​မီး​ပေါ်​တွင် ဆူ​ပွက်​နေ​သည့်​ရေ​ကဲ့ သို့​တုန်​လှုပ်​ကြ​ပါ​လိမ့်​မည်။ ကြွ​လာ​တော်​မူ​၍ ရန်​သူ​တို့​အား ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော် ကို​ပြ​တော်​မူ​ပါ။ လူ​မျိုး​တ​ကာ​တို့​အား ရှေ့​တော်​၌​တုန်​လှုပ်​စေ​တော်​မူ​ပါ။-

3. အ​ခါ​တစ်​ပါး​က​ကိုယ်​တော်​ရှင်​သည်​ကြွ​လာ တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​မ​မျှော်​လင့်​သည့် ကြောက်​လန့်​ဖွယ်​ရာ​အ​မှု​များ​ကို​ပြု​တော်​မူ ပါ​၏။ တောင်​များ​သည်​ကိုယ်​တော်​ရှင်​ကို​မြင် ၍​ကြောက်​စိတ်​နှင့်​တုန်​လှုပ်​ကြ​ပါ​၏။-

4. မိ​မိ​အား​မျှော်​ကိုး​ကြ​သူ​တို့​အ​တွက်​ဤ မည်​သော​အ​မှု​တို့​ကို ကိုယ်​တော်​ရှင်​၏​နည်း တူ​ပြု​တော်​မူ​သည့်​ဘု​ရား​ကို​အ​ဘယ်​သူ မျှ​မ​တွေ့​မ​မြင်​ဘူး​ပါ။ ထို​ဘု​ရား​အ​ကြောင်း ကို​ကြား​လည်း​မ​ကြား​ဘူး​ကြ​ပါ။-

5. ကိုယ်​တော်​ရှင်​သည်​မှန်​ရာ​ကို​ပြု​ကျင့်​၍​ပျော်​မွေ့ တတ်​သူ​များ​အား​လည်း​ကောင်း၊ ကိုယ်​တော်​ရှင် ၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန်​မ​မေ့​မ လျော့​တတ်​သူ​များ​အား​လည်း​ကောင်း​ကြို​ဆို လက်​ခံ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​တို့​အား​အ​မျက်​ထွက်​တော်​မူ​သော် လည်း ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​မြဲ ကူး​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​အ​မျက် ထွက်​နေ​ပါ​လျက်​ကျွန်​တော်​မျိုး​တို့​သည် အ​မှား​ကို​ပြု​မြဲ​ပြု​ကြ​ပါ​၏။ ရှေး​ယ​ခင် က​စ​၍​ဤ​သို့​ပြု​ခဲ့​မိ​ကြ​ပါ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 64