အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 61 Common Language Bible (BCL)

ကယ်​နုတ်​တော်​မူ​မည့်​အ​ကြောင်း​သ​တင်း​ကောင်း

1. ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​ကို​တန်​ခိုး​နှင့်​ပြည့်​ဝ​စေ​တော်​မူ​ပြီ။ဆင်း​ရဲ​သူ​တို့​အ​တွက်​သ​တင်း​ကောင်း​ကိုယူ​ဆောင်​ကာ၊စိတ်​နှ​လုံး​ကြေ​ကွဲ​သူ​တို့​၏ အ​နာ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​၍၊ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​နှင့်​အ​ချုပ်​အ​နှောင်​ခံ​ရ သူ​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ကြေ​ညာ​ရန်၊ကိုယ်​တော်​သည်​ငါ့​ကို​ရွေး​ချယ်​စေ​လွှတ်​တော် မူ​လေ​ပြီ။

2. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​၍ရန်​သူ​တို့​အား​ဖြို​ခွင်း​တော်​မူ​သည့်​အ​ချိန်ကျ​ရောက်​ပြီ​ဖြစ်​ကြောင်း​ကြေ​ညာ​ရန်​ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ဝမ်း​နည်း​ပူ​ဆွေး​သူ​အ​ပေါင်း​တို့​အား နှစ်​သိမ့်​မှု​ပေး​ရန်၊

3. ဇိ​အုန်​မြို့​တွင်​ပူ​ဆွေး​ဝမ်း​နည်း​နေ​သူ​တို့​အား ပူ​ဆွေး​ခြင်း​အ​စားဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ဝမ်း​နည်း​ခြင်း​အ​စား​ထော​မ​နာ​သီ​ချင်း ကို​လည်း​ကောင်းပေး​ရန်​ကိုယ်​တော်​သည်​ငါ့​အား​စေ​လွှတ်​တော်​မူ​ပြီ။သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထင်​ရှား​စေ​ရန်ကိုယ်​တော်​တိုင်​စိုက်​တော်​မူ​သော​ဖြောင့်​မတ်​ခြင်း တည်း​ဟူ​သောဝက်​သစ်​ချ​ပင်​များ​သ​ဖွယ်​စို​ပြေ​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။

4. သူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာပျက်​စီး​ယို​ယွင်း​နေ​ခဲ့​သော​မြို့​များ​ကိုပြန်​လည်​တည်​ဆောက်​၍​အ​သစ်​ပြု​ပြင် ကြ​လိမ့်​မည်။

5. အို ငါ​၏​လူ​များ​တို့၊ လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ကို အ​စေ​ခံ​ကြ​လိမ့်​မည်။သင်​တို့​၏​လယ်​ယာ​များ​ကို​ထွန်​ယက်​ကာ​သင်​တို့ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ပြု​စု​ကြ​လိမ့်​မည်။

6. သင်​တို့​မူ​ကား၊ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​များ၊ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကြီး​များ​ဟု နာ​မည်​တွင်​လျက်၊လူ​မျိုး​တ​ကာ​တို့​၏​စည်း​စိမ်​ချမ်း​သာ​များ​ကို ခံ​စား​ကာ၊ယင်း​သို့​ခံ​စား​ရ​သည့်​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​ကြ​လိမ့်​မည်။

7. သင်​တို့​၏​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​သည် ဆုံး​ခန်း​တိုင်​ရောက်​လေ​ပြီ။သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင်​ရ​လျက်၊သင်​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​လည်း​နှစ်​ဆ တိုး​၍​လာ​လိမ့်​မည်။သင်​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ပျော်​ရွှင် ရ​ကြ​လိမ့်​မည်။

8. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​တ​ရား​မျှ​တ​မှု​ကို​နှစ်​သက်​မြတ်​နိုး​၍ လု​ယက်​မှု​နှင့်​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကို​မုန်း​၏။ငါ​၏​လူ​မျိုး​တော်​အား​သစ္စာ​ရှိ​စွာ ဆု​လာဘ်​များ​ကို​ပေး​အပ်​မည်။သူ​တို့​နှင့်​လည်း​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​ငါ​ပြု​မည်။

9. သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​ထင်​ပေါ် ကျော်​ကြား​ကြ​လိမ့်​မည်။သူ​တို့​ကား​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​စား​ရ​ကြ​သူ​များ​ဖြစ်​ကြောင်းသူ​တို့​ကို​မြင်​သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

10. ယေ​ရု​ရှ​လင်​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ရ​လိမ့်​မည်။သူ​သည်​မ​င်္ဂ​လာ​ဆောင်​ပွဲ​အ​တွက်​ဝတ်​စား တန်​ဆာ​ဆင်​ထား​သည့်​သ​တို့​သ​မီး​နှင့်​တူ​၏။ဘု​ရား​သ​ခင်​သည်​သူ့​ကို​ကယ်​တင်​ခြင်း​နှင့် အောင်​မြင်​ခြင်း တို့​ဖြင့်​တန်​ဆာ​ဆင်​ပေး​တော်​မူ​ပါ​၏။

11. မျိုး​စေ့​များ​သည်​အ​ညှောက်​ထိုး​၍​အ​ပင် ပေါက်​သ​ကဲ့​သို့၊ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မှန်​ပင် ကယ်​တင်​တော်​မူ​လိမ့်​မည်။လူ​မျိုး​တ​ကာ​တို့​သည်​လည်း​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။