ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 60:8-13 Common Language Bible (BCL)

8. မိုး​တိမ်​များ​ကဲ့​သို့​လည်း​ကောင်း၊အိပ်​တန်း​ပြန် ချိုး​ငှက်​များ​ကဲ့​သို့​လည်း​ကောင်း၊ရေ​မျက်​နှာ​ပြင်​ကို​လျှပ်​၍​လာ​နေ​သော​သ​င်္ဘော​များ ကား​အ​ဘယ်​သင်္ဘော​များ​နည်း။

9. ထို​သ​င်္ဘော​တို့​သည်​ရပ်​ဝေး​မှဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အားမိ​မိ​တို့​ပြည်​သို့​တင်​ဆောင်​လာ​သည့် သ​င်္ဘော​များ​ဖြစ်​၏။ယင်း​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​သော​ဘု​ရား​သ​ခင်ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မြှောက်​ရန်၊ရွှေ​နှင့်​ငွေ​များ​ကို​ယူ​ဆောင် လာ​ကြ​ခြင်း​ဖြစ်​၏။ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ချီး​မြှောက်​စေ​တော်​မူ​ပြီ။

10. ထာ​ဝ​ရ​ဘု​ရား​က​ယေ​ရု​ရှ​လင်​မြို့​အား``လူ​မျိုး​ခြား​တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​လိမ့်​မည်။သူ​တို့​၏​ဘု​ရင်​များ​သည်​လည်း​သင်​တို့​၏ အ​စေ​ကို​ခံ​ကြ​လိမ့်​မည်။ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား အ​ပြစ်​ဒဏ်​ခတ်​ခဲ့​၏။သို့​ရာ​တွင်​ယ​ခု​အ​ခါ​သင်​တို့​အား​မျက်​နှာ သာ​ပေး​၍ က​ရု​ဏာ​ပြ​တော်​မူ​မည်။

11. လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည်မိ​မိ​တို့​ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​နိုင်​ရန်၊သင်​သည်​မိ​မိ​၏​တံ​ခါး​ကို​နေ့​ရော​ညဥ့်​ပါ ဖွင့်​၍​ထား​ရ​လိမ့်​မည်။

12. သို့​ရာ​တွင်​သင်​၏​အ​စေ​ကို​မ​ခံ​သည့်လူ​မျိုး​တို့​မူ​ကား၊လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

13. ``အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​ပြန်​လည်​တည်​ဆောက်​၍ ငါ​၏​ဗိ​မာန်​တော်​ကို​လှ​ပ​တင့်​တယ်​စေ​ရန်​နှင့်၊ငါ​ခြေ​ချ​ရာ​နေ​ရာ​ကို​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​ရန်သူ​တို့​သည်​လေ​ဗ​နုန်​တော​မှ​လက်​ရွေး​စင် ထင်း​ရှူး​သား၊တ​ဒေ​ရ​သား​နှင့်​တာ​ရှု​ရ​သား​တို့​ကို သင့်​ထံ​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 60