ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 6:1-9 Common Language Bible (BCL)

1. သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။-

2. ကိုယ်​တော်​အား​မီး​လျှံ​ထ​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​သည် ခြံ​ရံ​ကာ​ရပ်​လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​တောင်​ခြောက်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင်​နှစ်​ခု​ဖြင့်​မိ​မိ​တို့​မျက်​နှာ​ကို​လည်း​ကောင်း၊ အ​ခြား​နှစ်​ခု​ဖြင့်​ကိုယ်​ခန္ဓာ​ကို​လည်း​ကောင်း​ဖုံး​အုပ်​ထား​ကာ​ကျန်​အ​တောင်​နှစ်​ခု​ကို​မူ​ပျံ​တက်​ရာ​တွင်​အ​သုံး​ပြု​ကြ​လေ​သည်။-

3. သူ​တို့​သည်``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​၏။''ဟု​အ​ချင်း​ချင်း​ကြွေး​ကြော်​၍​နေ​ကြ​၏။

4. ဤ​သို့​သူ​တို့​ကြွေး​ကြော်​ကြ​သည့်​အ​သံ​ကြောင့်၊ ဗိ​မာန်​တော်​အုတ်​မြစ်​သည်​တုန်​လှုပ်​ကာ​ဗိ​မာန်​တော်​သည်​လည်း​မီး​ခိုး​များ​နှင့်​ပြည့်​၍​လာ​တော့​၏။

5. ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။

6. ထို​အ​ခါ​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပလ္လင်​မှ​မီး​ခဲ​တစ်​ခဲ​ကို​မီး​ညှပ်​နှင့်​ညှပ်​၍​ယူ​ဆောင်​ကာ ငါ့​ထံ​သို့​ပျံ​ဆင်း​လာ​၏။-

7. သူ​သည်​ငါ့​နှုတ်​ခမ်း​ကို​မီး​ခဲ​နှင့်​တို့​ပြီး​လျှင် ``သင်​၏​နှုတ်​ခမ်း​သည်​ဤ​မီး​ခဲ​နှင့်​တို့​ထိ​ရ​ပြီး​ဖြစ်​သ​ဖြင့်​သင့်​မှာ​အ​ပြစ်​မ​ရှိ​တော့။ သင်​သည်​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​၍​သွား​ပေ​ပြီ'' ဟု​ဆို​၏။

8. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​ဘယ်​သူ​ကို​စေ​လွှတ်​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ငါ​က​လည်း``ကျွန်​တော်​မျိုး​သွား​ပါ​မည်။ ကျွန်​တော်​မျိုး​အား​စေ​လွှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

9. ဤ​သို့​ဖြင့်​ကိုယ်​တော်​သည်​ငါ့​အား​ထို​သူ​တို့​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သူ​တို့​အား`သင်​တို့​သည်​ထပ်​ကာ​ထပ်​ကာ​နား​ထောင်​သော်​လည်း​နား​လည်​လိမ့်​မည်​မ​ဟုတ်။ ထပ်​ကာ​ထပ်​ကာ​ကြည့်​သော်​လည်း​အ​ဖြစ်​အ​ပျက်​ကို​သိ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 6