ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 57:2-11 Common Language Bible (BCL)

2. သူ​တော်​ကောင်း​တို့​သည်​သေ​လွန်​သော​အ​ခါ ငြိမ်း​ချမ်း​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ကြ​၏။

3. အ​ချင်း​ဆိုး​ညစ်​၍​အ​ပြစ်​ကူး​သူ​တို့၊ တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရန်​ဤ​အ​ရပ်​သို့​လာ​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ ပြည့်​တန်​ဆာ​များ၊ စုန်း​အ​တတ်​ပ​ညာ သည်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​၏။-

4. သင်​တို့​သည်​အ​ဘယ်​သူ​ကို​ပျက်​ရယ်​ပြု​၍​နေ ကြ​ပါ​သ​နည်း။ အ​ချင်း​လူ​လိမ်​တို့၊ သင်​တို့ သည်​အ​ဘယ်​သူ​ကို​ပြောင်​လှောင်​လျက်​နေ ကြ​ပါ​သ​နည်း။-

5. မိ​မိ​တို့​၏​အ​ထွဋ်​အ​မြတ်​သစ်​ပင်​များ​အောက် တွင် ကာ​မ​ရာ​ဂ​စပ်​ယှက်​ခြင်း​အား​ဖြင့် မြေ​သြ​ဇာ နတ်​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​၏။ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​မြစ်​ချောင်း​ဝှမ်း​အ​နီး​ရှိ ကျောက်​ဂူ​များ​တွင်​ယဇ်​ပူ​ဇော်​ကြ​၏။-

6. ထို​အ​ရပ်​မှ​ချော​မွတ်​သည့်​ကျောက်​ခဲ​များ​ကို ယူ​၍ သင်​တို့​၏​ဘု​ရား​များ​အ​ဖြစ်​ကိုး​ကွယ် ကြ​၏။ သင်​တို့​သည်​စ​ပျစ်​ရည်​ကို​သွန်း​လောင်း​၍ ထို​ဘု​ရား​တို့​ကို​ပူ​ဇော်​ကြ​၏။ ဘော​ဇဉ်​သကာ​ကို ဆက်​သ​ကြ​၏။ ဤ​သို့​သင်​တို့​ပြု​သည်​ကို​ငါ နှစ်​သက်​တော်​မူ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ ပါ​သလော။-

7. သင်​တို့​သည်​တောင်​မြင့်​ပေါ်​သို့​တက်​၍​ယဇ် ပူ​ဇော်​လျက်​ကာ​မ​ရာ​ဂ​စပ်​ယှက်​ကြ​၏။-

8. မိ​မိ​တို့​၏​ရုပ်​တု​များ​ကို​အိမ်​တံ​ခါး​နှင့် တံ​ခါး​တိုင်​အ​တွင်း​ဘက်​တွင်​ကပ်​၍​ထား ကြ​၏။ သင်​တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကြ​၏။ မိ​မိ တို့​၏​အ​ဝတ်​ဖုံး​များ​ကို​ဖယ်​ရှား​ပြီး​လျှင် အိပ်​ရာ​ကြီး​များ​ပေါ်​သို့​ချစ်​သူ​များ​နှင့် အ​တူ​တက်​၍​မိ​မိ​တို့​၏​ရာ​ဂ​စိတ်​ကို ရောင့်​ရဲ​စေ​ကြ​၏။ သင်​တို့​သည်​ထို​သူ​တို့ နှင့်​အိပ်​စက်​ရန်​အ​ခ​ကြေး​ငွေ​ကို​လည်း ပေး​ရ​ကြ​၏။-

9. သင်​တို့​သည်​ဆီ​မွှေး​နှင့်​နံ့​သာ​များ​ကို လိမ်း​ကျံ​လျက် မော​လုပ်​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​သွား​ရောက်​ကြ​၏။ ရပ်​နီး​ရပ်​ဝေး နှင့်​မ​ရ​ဏာ​နိုင်​ငံ​သို့​တိုင်​အောင်​ပင် သံ​တ​မန် များ​စေ​လွှတ်​၍​ဘု​ရား​များ​ကို​ရှာ​ဖွေ​စေ ကြ​၏။-

10. သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ရှာ​ဖွေ​ရ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​၍​လာ​သော်​လည်း​အ ဘယ်​အ​ခါ​၌​မျှ​လက်​မ​လျော့​ကြ။ မိ​မိ​တို့ ၏​ရုပ်​တု​များ​ထံ​မှ​ခွန်​အား​ကို​ရ​ရှိ​သည် ဟု ထင်​မှတ်​ကာ​သင်​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အား​မ​လျော့​ကြ။

11. ထာ​ဝ​ရ​ဘု​ရား​က``ငါ့​အား​လိမ်​လည်​ပြော ဆို​၍​လုံး​ဝ​မေ့​လျော့​၍​အ​မှတ်​မ​ရ​ကြ သည့်​တိုင်​အောင် သင်​တို့​ကြောက်​လန့်​ကြ​သည့် ဘု​ရား​များ​ကား​အ​ဘယ်​သူ​များ​ပေ​နည်း။ ငါ​သည်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​သ​ဖြင့် သင်​တို့​သည်​ငါ့​ကို​မ​ကြောက်​တော့​ဘဲ​ရှိ​နေ ကြ​ပါ​သ​လော။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 57