ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 57:11-19 Common Language Bible (BCL)

11. ထာ​ဝ​ရ​ဘု​ရား​က``ငါ့​အား​လိမ်​လည်​ပြော ဆို​၍​လုံး​ဝ​မေ့​လျော့​၍​အ​မှတ်​မ​ရ​ကြ သည့်​တိုင်​အောင် သင်​တို့​ကြောက်​လန့်​ကြ​သည့် ဘု​ရား​များ​ကား​အ​ဘယ်​သူ​များ​ပေ​နည်း။ ငါ​သည်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​သ​ဖြင့် သင်​တို့​သည်​ငါ့​ကို​မ​ကြောက်​တော့​ဘဲ​ရှိ​နေ ကြ​ပါ​သ​လော။-

12. သင်​တို့​က​မိ​မိ​တို့​ပြု​သည့်​အ​မှု​ကို​မှန်​သည် ဟု​ထင်​မှတ်​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​အ​ကျင့် ကို ငါ​ဖွင့်​ဟ​ထုတ်​ဖော်​လိုက်​သော​အ​ခါ သင်​တို့ ၏​ရုပ်​တု​များ​သည်​သင်​တို့​အား​ကူ​မ​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။-

13. မိ​မိ​တို့​အား​ကူ​မ​ပါ​ရန်​သင်​တို့​ဟစ်​အော် တောင်း​ခံ​ကြ​သော​အ​ခါ ထို​ရုပ်​တု​များ​သည် သင်​တို့​ကို​ကယ်​ကြ​ပါ​လေ​စေ။ ယင်း​တို့​သည် လေ​တစ်​ချက်​မှုတ်​လိုက်​လျှင် လွင့်​စင်​၍​သွား ကြ​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ့​ကို​ယုံ​ကြည် ကိုး​စား​သူ​တို့​မူ​ကား​ပြည်​တော်​တွင်​နေ​ထိုင် ရ​လျက် ငါ​၏​သန့်​ရှင်း​သော​ဗိ​မာန်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

14. ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​လူ​မျိုး​တော်​အား ငါ့​ထံ​ပြန်​စေ​ကြ​လော့။ ငါ့​လူ​မျိုး​တော်​တို့ ၏​လမ်း​ခ​ရီး​မှ​ဆူး​ညှောင့်​ခ​လုတ်​ရှိ​သ​မျှ ကို​ပယ်​ရှား​ကြ​လော့။ လမ်း​ကို​ဖောက်​လုပ် ၍​အ​သင့်​ပြင်​ကြ​လော့။

15. ``ငါ​သည်​ထာ​ဝ​ရ​အ​သက်​ရှင်​သော​ဘု​ရား၊ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​၍​သန့်​ရှင်း​မြင့်​မြတ် သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း မြင့်​မြတ်​ရာ​အ​ထက်​ဘုံ​တွင်​စံ​နေ​တော်​မူ သော်​လည်း​စိတ်​နှ​လုံး​ကြေ​ကွဲ​သူ၊ စိတ်​နှိမ့်​ချ သူ​တို့​စိတ်​ဝိ​ညာဉ်​ပြန်​လည်​လန်း​ဆန်း​အား တက်​လာ​ကြ​စေ​ရန်​ထို​သူ​တို့​ထံ​တွင်​လည်း ကျိန်း​ဝပ်​တော်​မူ​၏။-

16. ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​အ​သက်​ရှင် ခွင့်​ကို​ပေး​၏။ သူ​တို့​အား​ဆက်​လက်​၍​ပြစ် တင်​စွပ်​စွဲ​လျက်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက် လျက်​နေ​လိမ့်​မည်​မ​ဟုတ်။-

17. ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​နှင့်​လော​ဘ လွန်​ကူး​မှု​များ​အ​တွက်​အ​မျက်​ထွက်​သ​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍​သူ​တို့​ထံ​မှ လွှဲ​ရှောင်​ခဲ့​၏။ သို့​သော်​လည်း​သူ​တို့​သည်​ခေါင်း မာ​လျက် မိ​မိ​တို့​ပြု​လို​ရာ​ပင်​ပြု​ကျင့်​လျက် နေ​ကြ​၏။

18. ``သူ​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​ကြ​သည် ကို​ငါ​မြင်​ရ​ပြီ။ သို့​ရာ​တွင်​ငါ​သည်​သူ​တို့ အား​ကု​စား​မည်။ ရှေ့​ဆောင်​လမ်း​ပြ​၍​ကူ​မ မည်။ သူ​တို့​အား​ငါ​နှစ်​သိမ့်​စေ​မည်။-

19. ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​သူ​တို့​၏​နှုတ်​မှ​ကျေး​ဇူး​တော်​ချီး​မွမ်း ကြ​စေ၊ ရပ်​နီး​ရပ်​ဝေး​ရှိ​လူ​အ​ပေါင်း​တို့​အား ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​၏။ ငြိမ်​သက် ခြင်း​ကို​ငါ​ပေး​၏။ ငါ​၏​လူ​မျိုး​တော်​ကို​ငါ ကု​စား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 57