ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 56:9-12 Common Language Bible (BCL)

9. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​ခြား​တို့​အား သား​ရဲ​တိ​ရစ္ဆာန်​များ​သ​ဖွယ်​လာ​၍ မိ​မိ​၏ လူ​မျိုး​တော်​ကို​သတ်​ဖြတ်​စေ​တော်​မူ​၏။-

10. ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-

11. သူ​တို့​သည်​စား​၍​အား​မ​ရ​နိုင်၊ လော​ဘ​ကြီး သည့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည်​ကား အ​သိ​တ​ရား​ကင်း​မဲ့​သည့်​ခေါင်း​ဆောင်​များ တည်း။ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ကိုယ်​စီ​ကိုယ်​ငှ ဆောင်​ရွက်​ကြ​လျက်​ကိုယ်​ကျိုး​ကို​သာ​လျှင် ရှာ​ကြံ​တတ်​ကြ​၏။-

12. ဤ​သေ​သောက်​ကြူး​တို့​က`လာ​ကြ၊ ငါ​တို့​သည် စ​ပျစ်​ရည်​ကို​ယူ​၍​အ​စွမ်း​ကုန်​သောက်​ကြ ကုန်​အံ့။ နက်​ဖြန်​နေ့​သည်​ယ​နေ့​ထက်​ပင်​ပို ၍​မွေ့​လျော်​ဖွယ်​ကောင်း​လိမ့်​မည်' ဟု​ဆို တတ်​ကြ​၏။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 56