ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 56:1-6 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​အား``ငါ သည်​မ​ကြာ​မီ​သူ​တို့​ကို​ကယ်​တင်​မည်။ သို့​ဖြစ် ၍​သင်​တို့​သည်​ဖြောင့်​မတ်​မှန်​ကန်​ရာ​ကို​ပြု​လုပ် ကြ​လော့။

2. ဥ​ပုသ်​နေ့​ကို​အ​လွဲ​သုံး​စား​မ​ပြု​ဘဲ​ကောင်း စွာ​စောင့်​ထိန်း​သူ​တို့​နှင့် အ​ဘယ်​မ​ကောင်း​မှု ကို​မျှ​မ​ပြု​သူ​တို့​ကို​ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

3. ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တွင်​ပါ​ဝင်​လာ သူ​လူ​မျိုး​ခြား​တစ်​စုံ​တစ်​ယောက်​သည်``ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​နှင့်​အ​တူ ဝတ်​ပြု​ကိုး​ကွယ်​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်'' ဟု မ​ဆို​သင့်။မိန်း​မ​စိုး​တစ်​စုံ​တစ်​ယောက်​က​လည်း မိ​မိ​သည် သား​သ​မီး​မ​ရ​နိုင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​တွင်​အ​ပါ​အ​ဝင်​မ​ဖြစ်​နိုင်​ဟု အ​ဘယ်​အ​ခါ​၌​မျှ​မ​ဆို​အပ်။-

4. ထာ​ဝ​ရ​ဘု​ရား​က​ထို​သူ​တို့​အား``သင်​တို့ သည်​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​ကာ​ငါ​နှစ်​သက် သည့်​အ​မှု​ကို​ပြု​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို သစ္စာ​စောင့်​ကြ​မည်​ဆို​ပါ​မူ၊-

5. ငါ​၏​ထံ​မှ​သား​သ​မီး​များ​ထက်​မွန်​မြတ် သည့်​ဆု​ကျေး​ဇူး​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​၏​ဗိ​မာန်​တော်​၌​လည်း​ကောင်း၊ ငါ​၏​လူ မျိုး​တော်​ထဲ​၌​လည်း​ကောင်း​မ​မေ့​မ​ပျောက် နိုင်​သော​အ​မည်​နာ​မ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့် မည်။ လူ​တို့​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မေ့​လျော့​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။

6. ထို​နောက်၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ခံယူ​ကြ​သူ၊ ကိုယ်​တော်​ကို​ချစ်​၍​အ​စေ​ခံ လျက် ကိုး​ကွယ်​ဝတ်​ပြု​သူ၊ ဥ​ပုသ်​နေ့​ကို မ​ညစ်​ညူး​စေ​အံ့​ငှာ စောင့်​ထိန်း​၍​ပ​ဋိ​ညာဉ် တော်​ကို​သစ္စာ​စောင့်​သူ​လူ​မျိုး​ခြား​တို့​အား ထာ​ဝ​ရ​ဘု​ရား​က၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 56