ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 54:3-10 Common Language Bible (BCL)

3. သင်​သည်​မိ​မိ​၏​နယ်​နိ​မိတ်​များ​ကို​အ​ဘက်​ဘက်​မှ တိုး​ချဲ့​ရ​လိမ့်​မည်။ယ​ခု​အ​ခါ၊လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ပြည်​ကိုသင်​၏​အ​မျိုး​သား​တို့​သည်​ပြန်​လည်​ရ​ရှိ​ကြ​လိမ့်​မည်။ယ​ခု​အ​ခါ​လူ​သူ​ဆိတ်​ငြိမ်​လျက်​နေ​သော​မြို့​တို့​သည် စည်​ကား​၍​လာ​လိမ့်​မည်။

4. မ​ကြောက်​နှင့်၊သင်​သည်​နောက်​တစ်​ဖန် အ​သ​ရေ​ပျက်​ရ​တော့​မည်​မ​ဟုတ်။ရှုတ်​ချ​ခြင်း​ကို​လည်း​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။သင်​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​သစ္စာ​မဲ့​သည့် ဇ​နီး ဖြစ်​ခဲ့​မှု​ကို​လည်း​ကောင်း၊မု​ဆိုး​မ​အ​ဖြစ်​ဖြင့်​မ​ကြံ​တတ်​အောင်​ပင်ကိုယ်​တိုင်​ကြုံ​ခဲ့​ရ​သည်​ကို​လည်း​ကောင်း၊ မေ့​လျော့​သွား​လိမ့်​မည်။

5. သင့်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည်၊သင်​၏​ခင်​ပွန်း​ပ​မာ​သင့်​အား​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ထို​အ​ရှင်​၏​နာ​မ​တော်​ကား၊အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သ​တည်း။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​သောဘု​ရား​သ​ခင်​သည်​သင့်​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို အ​စိုး​ရ​တော်​မူ​ပါ​သည်​တ​ကား။

6. အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်၊ခင်​ပွန်း​ဖြစ်​သူ​စွန့်​ပစ်​သ​ဖြင့်၊အ​လွန်​စိတ်​ဒုက္ခ ရောက်​လျက်​နေ​သည့်​ဇ​နီး​ငယ်​တစ်​ဦး​နှင့်​တူ​ကြ​၏။သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ပြန်​လည်​ခေါ်​ယူ​တော်​မူ​ပါ​၏။

7. ``ငါ​သည်​သင်​တို့​အား​ခေတ္တ​မျှ​စွန့်​ပယ်​ခဲ့​သော်​လည်း နက်​နဲ​သည့်​မေတ္တာ​ဖြင့်​ပြန်​လည်​သိမ်း​ပိုက်​မည်။

8. ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍​နေ​ခဲ့​၏။သို့​ရာ​တွင်​မေတ္တာ​တော်​ကို​သင်​တို့​အား​ထာ​ဝ​စဉ် ငါ​ပြ​မည်'' ဟုသင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။

9. ``ငါ​သည်​ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​စေ​လိမ့်​မည်​မ​ဟုတ်​ဟုနော​ဧ​၏​လက်​ထက်​၌​က​တိ​ပြု​ခဲ့​၏။သင်​တို့​အား​နောက်​တစ်​ဖန်အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ယ​ခု​ငါ​က​တိ​ပြု​ပါ​၏။ငါ​သည်​သင်​တို့​အား​ပြစ်​တင်​ဆုံး​မ​မှု​နှင့် အ​ပြစ်​ဒဏ်​ခတ်​မှု​ကို​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။

10. တောင်​ကြီး​တောင်​ငယ်​တို့​သည်​ပြို​ကွဲ ပျက်​စီး​ကြ​လိမ့်​မည်။သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​၌​ထား​ရှိ​သည့်ငါ​၏​မေတ္တာ​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​သုဉ်း​လိမ့်​မည်​မ​ဟုတ်။ငြိမ်း​ချမ်း​ရေး​ဆိုင်​ရာ​က​တိ​တော်​ကို​ငါ​သည် အ​စဉ်​တည်​မြဲ​စေ​မည်'' ဟုသင်​တို့​ကို​ချစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 54