ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 54:10-17 Common Language Bible (BCL)

10. တောင်​ကြီး​တောင်​ငယ်​တို့​သည်​ပြို​ကွဲ ပျက်​စီး​ကြ​လိမ့်​မည်။သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​၌​ထား​ရှိ​သည့်ငါ​၏​မေတ္တာ​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​သုဉ်း​လိမ့်​မည်​မ​ဟုတ်။ငြိမ်း​ချမ်း​ရေး​ဆိုင်​ရာ​က​တိ​တော်​ကို​ငါ​သည် အ​စဉ်​တည်​မြဲ​စေ​မည်'' ဟုသင်​တို့​ကို​ချစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။

11. ``အို ယေ​ရု​ရှ​လင်​မြို့၊ဒုက္ခ​ရောက်​လျက်၊အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ၊ နှစ်​သိမ့်​မည့်​သူ မ​ရှိ​သည့်​မြို့၊ငါ​သည်​သင်​၏​အုတ်​မြစ်​များ​ကို​အ​ဖိုး​တန် ကျောက်​များ​ဖြင့်​ပြန်​လည်​တည်​ဆောက်​မည်။

12. သင်​၏​ပြ​အိုး​များ​ကို​ပတ္တ​မြား​ဖြင့်​လည်း​ကောင်း၊သင်​၏​တံ​တိုင်း​တို့​ကို​ကျောက်​မျက်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊သင်​၏​နံ​ရံ​များ​ကို​အ​ဖိုး​တန်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ပြန်​လည်​တည်​ဆောက်​မည်။

13. ``သင်​၏​လူ​တို့​အား​ငါ​ကိုယ်​တိုင်​ဆုံး​မ​သွန်​သင်​မည်။သင်​၏​သား​သ​မီး​တို့​အား​ချမ်း​သာ​ကြွယ်​ဝ​မှု​နှင့် ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​မည်။

14. သင်​သည်​သူ​တော်​ကောင်း​တ​ရား​တွင်​အ​ခြေ​ခံ သ​ဖြင့် တည်​တံ့​ခိုင်​မြဲ​လိမ့်​မည်။နှိပ်​စက်​ညှင်း​ဆဲ​မှု၊ထိတ်​လန့်​တုန်​လှုပ်​မှု​တို့​နှင့် ကင်း​ဝေး​ရ​လိမ့်​မည်။

15. အ​ကယ်​၍​သင့်​အား​ထိ​ပါး​တိုက်​ခိုက်​လာ​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ထို​သူ​သည်​ငါ​၏​ခွင့်​ပြု​ချက်​ကို​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။သင့်​အား​စစ်​ပြိုင်​လာ​သူ​မှန်​သ​မျှ​သည် ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။

16. ``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။

17. သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 54