10. မိမိကယ်တင်နေဆဲလူစုကူးဖြတ်နိုင်ရန် ပင်လယ်ကိုခန်းခြောက်စေ၍၊လမ်းဖောက်ပေးတော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
11. ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့်သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
12. ထာဝရဘုရားက၊``သင်တို့ကိုခွန်အားဖြင့်ပြည့်ဝစေသူမှာငါပင် ဖြစ်၏။မြက်ပင်တမျှသာအသက်ရှည်သူသေမျိုးလူသားအား၊သင်တို့သည်အဘယ်ကြောင့် ကြောက်လန့်ရပါမည်နည်း။
13. မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
14. အကျဉ်းခံနေရသောသူတို့သည်မကြာမီ လွတ်မြောက်လာကြလိမ့်မည်။လူတို့သည်ထောင်တွင်း၌မသေဆုံးတော့ဘဲ၊မိမိတို့လိုအပ်သည့်အစားအစာမှန်သမျှကို ရရှိကြလိမ့်မည်။
15. ``ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ပင်လယ်ရေကိုငါမွှေနှောက်၍လှိုင်းတံပိုးသံ များကို ဖြစ်ပေါ်စေ၏။ငါ၏နာမတော်သည်အနန္တတန်ခိုးရှင်ထာဝရ ဘုရား ဖြစ်ပါသည်တကား။
16. ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့်သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
17. အို ယေရုရှလင်မြို့၊နိုးထလော့။ မိမိကိုယ်ကိုနှိုး၍ထပါလော့။ထာဝရဘုရားအမျက်တော်ထွက်သဖြင့်သင့်အားပေးတော်မူသော၊ခွက်ဖလားမှအပြစ် ဒဏ် စပျစ်ရည်ကိုသင်သည်သောက်သုံးခဲ့လေပြီ။ယင်းကိုသောက်သုံးသဖြင့်ယိမ်းယိုင်လျက်နေခဲ့၏။
18. သင့်ကိုလမ်းပြခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။သင့်အမျိုးသားများထဲမှသင့်ကိုလက်ဆွဲ ခေါ်ယူပေးမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။
19. သင်သည်ဘေးအန္တရာယ်နှစ်ဆကြုံတွေ့ရလေပြီ။သင်၏ပြည်သည်စစ်ဒဏ်ကြောင့်ပျက်ပြုန်းသွား လေပြီ။သင့်မြို့သူမြို့သားတို့သည်လည်းအစာရေစာ ငတ်မွတ်ကြလေပြီ။သင့်အားကိုယ်ချင်းစာတရားထားရှိမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
20. အားအင်ချည့်နဲ့မှုကြောင့်သင်၏လူတို့သည်၊ လမ်းဆုံလမ်းခွတိုင်းတွင်လဲကျကြ၏။သူတို့သည်မုဆိုး၏ပိုက်ကွန်တွင်ဖမ်းမိသည့် သမင်ကဲ့သို့ဖြစ်လိမ့်မည်။သူတို့သည်ဘုရားသခင်၏အမျက်တော် အရှိန်ကိုခံကြလေပြီ။
21. ဒုက္ခရောက်လျက်နေသောအချင်းယေရုရှလင် မြို့သူမြို့သားတို့၊သေသောက်ကြူးသဖွယ် ယိမ်းယိုင်လျက်နေကြသူတို့၊
22. သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊သင် တို့အား ကာကွယ်စောင့်ရှောက်တော်မူ၍၊``ငါသည်အမျက်ထွက်သဖြင့်သင်တို့အား ပေးအပ်ခဲ့သည့်ခွက်ဖလားကိုသင်တို့လက်မှပြန်လည်ရုပ်သိမ်းတော်မူမည်။သင်တို့အားယိမ်းယိုင်မူးဝေစေသည့်စပျစ်ရည်ကို သင်တို့သောက်ရကြတော့မည်မဟုတ်။
23. ထိုစပျစ်ရည်ကိုသင်တို့အားညှဉ်းဆဲနှိပ်စက် သူများ၊ သင်တို့အားလမ်းများပေါ်တွင်လဲလျောင်းစေ၍၊မြေမှုန့်သဖွယ်ခြေနှင့်နင်းကြသူများအား ငါပေးအပ်မည်'' ဟုမိန့်တော်မူပါ၏။