ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 51:1-4 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က၊``ကယ်​တင်​ခြင်း​ခံ​လို​သူ​တို့၊အ​ကူ​အ​ညီ​တောင်း​ခံ​ရန်ငါ့​ထံ​သို့​လာ​ရောက်​သူ​တို့၊သင်​တို့​သည် ငါ့​ပြော​စ​ကား​ကို​နား​ထောင်​ကြ​လော့။သင်​တို့​ကို​ထွင်း​ထုတ်​ယူ​ရာ​ကျောက်​ကို ကြည့်​ရှု​ကြ​လော့။သင်​တို့​ကို​တူး​ဖော်​ရာ​ကျောက်​တွင်း​ကို ကြည့်​ရှု​ကြ​လော့။

2. သင်​တို့​၏​ဘိုး​အေ​အာ​ဗြ​ဟံ​နှင့်​ဘွား​အေ​စာ​ရာ​တို့​၏ အ​ကြောင်း​ကို​အောက်​မေ့​ဆင်​ခြင်​ကြ​လော့။အာ​ဗြ​ဟံ​အား​ငါ​ခေါ်​ယူ​စဉ်​အ​ခါ​က သူ့​မှာ​သား​သမီး​မ​ရှိ။သို့​ရာ​တွင်​ငါ​သည်​သူ့​အား​သား​သ​မီး​များ​ဖြင့် ကောင်း​ချီး​ပေး​၍၊သူ​၏​အ​ဆက်​အ​နွယ်​တို့​ကို​များ​ပြား​စေ​တော်​မူ​၏။

3. ``ငါ​သည်​ဇိ​အုန်​မြို့​နှင့်​ထို​မြို့​၏​ပျက်​စီး​ယို​ယွင်း​လျက် ရှိ​သည့်​အ​ဆောက်​အ​ဦ​များ​တွင်နေ​ထိုင်​သူ​တို့​အား​က​ရု​ဏာ​ပြ​မည်။ဇိ​အုန်​ဒေ​သ​သည်​တော​ကန္တာ​ရ​ပင်​ဖြစ်​သော်​လည်းငါ​သည်​ယင်း​ကို​ဧ​ဒင်​အ​ရပ်​မှာ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​စေ​မည်။ထို​အ​ရပ်​တွင်​လူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ထော​မ​နာ​သီ​ချင်း​ဆို​လျက်၊ငါ​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်​နေ​ကြ​လိမ့်​မည်။

4. ``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​ဂ​ရု​ပြု ကြ​လော့။ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​ဆုံး​မ သြ​ဝါ​ဒ​ပေး​၍ငါ​၏​တ​ရား​ဒေ​သ​နာ​များ​သည်​သူ​တို့​အ​တွက် အ​လင်း​ဖြစ်​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 51