5. ထာဝရဘုရားသည်ငါ့အားနားလည်နိုင်သော သဘောကိုပေးတော်မူပြီဖြစ်၍၊ငါသည်ကိုယ်တော်ကိုမပုန်ကန်။ အထံတော်မှလည်းသွေရှောင်၍မသွားပါ။
6. ငါသည်မိမိကိုရိုက်နှက်သူတို့အားကျောခင်း ၍ ပေးပါ၏။ငါ၏မုတ်ဆိတ်မွေးတို့ကိုဆွဲနုတ်ပြီးလျှင် ငါ၏မျက်နှာကိုတံတွေးနှင့်ထွေး၍၊ငါ့ကိုသူတို့စော်ကားကြသောအခါငါသည် သူတို့အားဆီးတားမှုကိုမပြု။
7. သို့ရာတွင်ထာဝရအရှင်ဘုရားသခင်သည် ငါ့အားကူမတော်မူသည်ဖြစ်၍၊ထိုသူတို့၏စော်ကားမှုများသည်ငါ့ကို ဘေးအန္တရာယ်မဖြစ်စေနိုင်။ထိုအရာတို့ကိုခံနိုင်ရန်ငါသည်အားတင်း၍ ထားပါ၏။
8. ဘုရားသခင်သည်ငါ၏အနီးတွင်ရှိတော်မူ၍၊ငါ၌အပြစ်မဲ့ပုံကိုသက်သေခံအထောက်အထား ပြတော်မူမည်ဖြစ်သဖြင့်၊ငါသည်အသရေပျက်ရလိမ့်မည်မဟုတ်ကြောင်းကို သိပါ၏။ငါ့အားစွပ်စွဲပြောဆိုရဲသူတစ်စုံတစ်ယောက်ရှိပါမူ၊ ရုံးတော်သို့သွားကြကုန်အံ့။ထိုသူသည်မိမိ၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ပါစေ။
9. ထာဝရအရှင်ဘုရားသခင်ကိုယ်တော်တိုင်ပင် ငါ၏ဘက်မှခုခံလျှောက်လဲတော်မူမည်ဖြစ်၍ငါ၌အပြစ်ရှိကြောင်း၊အဘယ်သူသည်သက်သေခံ အထောက်အထားပြနိုင်ပါမည်နည်း။ငါ့အားစွပ်စွဲပြောဆိုသူမှန်သမျှသည် ပျောက်ကွယ်သွားကြလိမ့်မည်။သူတို့သည်ပိုးကိုက်သည့်အဝတ်ကဲ့သို့ ပျောက်ပျက်သွားလိမ့်မည်။
10. ထာဝရဘုရားအားကြောက်ရွံ့ရိုသေ၍၊ကိုယ်တော်အစေခံ၏စကားကိုနားထောင်သူ အပေါင်းတို့၊သင်တို့လျှောက်ရသည့်လမ်းသည်မှောင်လျက် နေကောင်းနေလိမ့်မည်။သို့ရာတွင်သင်တို့သည်ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။သင်တို့၏ဘုရားသခင်ကိုမှီခိုအားကိုးကြလော့။
11. သူတစ်ပါးတို့အားသုတ်သင်ဖျက်ဆီးရန်လျှို့ဝှက် ကြံစည်သူအပေါင်းတို့၊သင်တို့သည်မိမိတို့၏လျှို့ဝှက်ကြံစည်မှုဖြင့်ပင် ဆုံးပါးပျက်စီးရကြလိမ့်မည်။ထာဝရဘုရားကိုယ်တော်တိုင်ဤအမှုအရာတို့ကို ဖြစ်စေမည်။သူတို့သည်အတိဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။