ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 50:1-5 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အားသုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။

2. ``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။

3. မိုး​ကောင်း​ကင်​သည်​သူ​သေ​အ​တွက်ဝမ်း​နည်း​ပူ​ဆွေး​သည့်​အ​မှတ်​လက္ခ​ဏာ​ကို ပြ​သည့်​အ​လားမှောင်​မဲ​၍​လာ​အောင်​ငါ​ပြု​နိုင်​၏။''

4. မော​ပန်း​နွမ်း​နယ်​သူ​အား၊အား​အင်​ဖြည့်​တင်း​ပေး နိုင်​ရန် အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကိုငါ့​အား​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သွန်​သင်​ပေး​တော်​မူ​လေ​ပြီ။မိ​မိ​သွန်​သင်​တော်​မူ​မည့်​အ​ရာ​ကို​နား​ထောင်​ရန်ကိုယ်​တော်​သည်​ငါ့​အား​နံ​နက်​တိုင်း​စိတ်​စော​လျက် နေ​စေ​တော်​မူ​၏။

5. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​နား​လည်​နိုင်​သော သ​ဘော​ကို​ပေး​တော်​မူ​ပြီ​ဖြစ်​၍၊ငါ​သည်​ကိုယ်​တော်​ကို​မ​ပုန်​ကန်။ အ​ထံ​တော်​မှ​လည်း​သွေ​ရှောင်​၍​မ​သွား​ပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 50