ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 49:6-21 Common Language Bible (BCL)

6. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​ကကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန်ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

7. လူ​မျိုး​တ​ကာ​တို့​၏​ရွံ​ရှာ​မုန်း​တီး​ခြင်း​ကို များ​စွာ​ခံ​ရ​၍၊မင်း​ဆိုး​မင်း​ညစ်​တို့​၏​အ​စေ​ခံ​ဖြစ်​သူ​အား၊ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် သည့် ဘု​ရား​သ​ခင်၊ကယ်​တင်​ရှင်​က၊``ပြည်​ရှင်​မင်း​တို့​သည်​သင့်​အား​လွတ်​မြောက် စေ​ပြီး​လျှင် ထ​၍​အ​ရို​အ​သေ​ပေး​ကြ​လိမ့်​မည်။မင်း​ညီ​မင်း​သား​များ​သည်​လည်း​သင့်​ကို​မြင်​၍၊ ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​အ​လေး​ပြု​ကြ​လိမ့်​မည်။''အ​ဘယ်​ကြောင့်​ဆို​သော်၊က​တိ​တည်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော၊ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊သင့်​ကို​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း​ဟု​မိန့်​တော်​မူ​ပါ​၏။

8. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား``သင်​တို့​ကို​ကယ်​ရန်​အ​ချိန်​ကျ​သော​အ​ခါ၊ ငါ​သည်​သင်​တို့​အား​အ​ခွင့်​အ​ရေး​ပေး​၍၊ကူ​မ​တော်​မူ​ရန်​သင်​တို့​ဟစ်​အော်​သံ​ကို နား​ညောင်း​မည်။ငါ​သည်​သင်​တို့​အား​ထိန်း​သိမ်း​ကွယ်​ကာ စောင့်​ရှောက်​မည်။သင်​တို့​အား​ဖြင့်​လူ​အ​ပေါင်း​တို့​နှင့်​လည်း ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ယ​ခု​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့်​သင်​တို့ ၏​ပြည်​တွင်၊တစ်​ဖန်​အ​တည်​တ​ကျ​ပြန်​လည်​နေ​ထိုင်​ခွင့်​ကို သင်​တို့​အား​ငါ​ပေး​မည်။

9. အ​ကျဉ်း​ကျ​လျက်​နေ​သူ​တို့​အား`လွတ်​လပ်​စွာ ထွက်​ခွာ​သွား​ကြ​လော့' ဟူ​၍​လည်း​ကောင်း၊မှောင်​မိုက်​တွင်​ရှိ​နေ​သူ​တို့​အား`အ​လင်း​သို့ ဝင်​ကြ​လော့' ဟူ​၍​လည်း​ကောင်း​ငါပြော​မည်။သူ​တို့​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ပင်ကျက်​စား​လျက်​နေ​သော သိုး​များ​နှင့်​တူ​လိမ့်​မည်။

10. သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​စာ​ရေ​စာ ငတ်​မွတ် ရ​လိမ့်​မည်​မ​ဟုတ်။သူ​တို့​သည်​မိ​မိ​တို့​အား​ချစ်​မြတ်​နိုး​တော် မူ​သော အ​ရှင်​၏​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​ခံ​ယူ​၍၊နေ​နှင့်​သဲ​ကန္တာ​ရ​အ​ပူ​ရှိန်​ကြောင့်​ဘေး အန္တ​ရာယ် ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ထို​အ​ရှင်​သည်​သူ​တို့​အား​စမ်း​ရေ​တွင်း​များ ရှိ​ရာ​သို့ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

11. ``ငါ​သည်​တောင်​တန်း​များ​ကို​ဖြတ်​၍​လမ်း​မ​ကြီး တစ်​သွယ်​ကို​ဖောက်​လုပ်​မည်။ငါ​၏​လူ​မျိုး​တော်​အ​တွက်​ခ​ရီး​လမ်း​ကို ပြင်​ဆင်​မည်။

12. ငါ​၏​လူ​မျိုး​တော်​သည်​ရပ်​ဝေး​ဒေ​သ​များ​မှ လည်း​ကောင်း၊ မြောက်​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ​လည်း​ကောင်း၊တောင်​အ​ရပ်​ရှိ​သိ​နိမ်​ပြည်​မှ​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

13. အို မိုး​ကောင်း​ကင်၊သီ​ချင်း​ဆို​လော့။အို ကမ္ဘာ​မြေ​ကြီး၊ ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။တောင်​ရိုး​တို့​သည်​အ​သံ​လွှင့်​၍​သီ​ချင်း​ဆို​ကြ​စေ။ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် ရှိ​သော မိ​မိ​၏​လူ​မျိုး​တော်​အား​သ​နား​တော်​မူ​လိမ့်​မည်။

14. သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စွန့်​ပစ်​တော် မူ​ပြီ။ကိုယ်​တော်​သည်​ငါ​တို့​အား​မေ့​လျော့​တော်​မူ​ပါ​ပြီ တ​ကား'' ဟု​ဆို​ကြ​၏။

15. ထာ​ဝ​ရ​ဘု​ရား​က``မိ​ခင်​တစ်​ဦး​သည်​မိ​မိ​၏​ရင်​ခွင်​မှ​ရင် သွေး​ငယ်​ကို မေ့​လျော့​နိုင်​ပါ​မည်​လော။မိ​မိ​ကိုယ်​ဝန်​ဆောင်​ခဲ့​သော​က​လေး​ကို​မ​ချစ်​ဘဲ နေ​နိုင်​ပါ​မည်​လော။မိ​ခင်​ဖြစ်​သူ​သည်​က​လေး​ငယ်​ကို​မေ့​လျော့​သည် ဆို​စေ​ဦး၊ငါ​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ လိမ့်​မည်​မ​ဟုတ်။

16. အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင့်​ကို​အ​ဘယ်​အ​ခါ ၌​မျှ မ​မေ့​မ​လျော့​နိုင်။ငါ​၏​လက်​ဝါး​တွင်​သင်​၏​နာ​မည်​ကို ရေး​မှတ်​၍​ထား​လေ​ပြီ။

17. ``သင့်​ကို​ပြန်​လည်​ထူ​ထောင်​ကြ​မည့်​လူ​တို့​သည် မ​ကြာ​မီ​ရောက်​ရှိ​လာ​လိမ့်​မည်။သင့်​ကို​ပျက်​ပြုန်း​စေ​ခဲ့​သော​သူ​တို့​မူ​ကား ထွက်​ခွာ​သွား​ရ​ကြ​လိမ့်​မည်။

18. သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက် လျက် ရှိ​သည်​ကို​လှည့်​၍​ကြည့်​ပါ​လော့။သင်​၏​အ​မျိုး​သား​တို့​သည်​စု​ရုံး​လျက် မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​နေ​ကြ​၏။ငါ​သည်​အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ၊သင်​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဝတ်​ဆင်​ထား​သည့်မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့​မိ​မိ​၏အ​မျိုး​သား​များ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား ရ​လိမ့်​မည်။

19. ``သင်​၏​ပြည်​သည်​ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ ဆိတ်​ငြိမ်​လျက်​နေ​ခဲ့​၏။သို့​ရာ​တွင်​ယ​ခု​အ​ခါ​လာ​ရောက်​နေ​ထိုင်​ကြ​မည့် သူ​များ​အ​တွက်ထို​ပြည်​သည်​ကျဉ်း​လျက်​ပင်​နေ​လိမ့်​မည်။သင့်​အား​ယို​ယွင်း​ပျက်​စီး​စေ​သူ​တို့​မူ​ကား၊ ရပ်​ဝေး​သို့​ရောက်​ရှိ​နေ​ကြ​လိမ့်​မည်။

20. ပြည်​နယ်​ဒဏ်​သင့်​ရာ​တွင်​မွေး​ဖွား​ခဲ့​သည့်သင်​၏​အ​မျိုး​သား​တို့​သည်​တစ်​နေ့​သော​အ​ခါ​၌ သင့်​အား`ဤ​ပြည်​သည်​ငယ်​လွန်း​ပါ​၏။ငါ​တို့​နေ​ထိုင်​ရန်​နေ​ရာ​ထပ်​၍​လို​ပါ​သည်' ဟု​ဆို​ကြ​လိမ့်​မည်။

21. ထို​အ​ခါ​သင်​သည်​မိ​မိ​ကိုယ်​ကို​ပြန်​၍၊`ငါ​သည်​ဤ​သား​သ​မီး​များ​ကို​အ​ဘယ်​သူ​နှင့် ရ​ရှိ​ပါ​သ​နည်း။ငါ​၏​သား​သ​မီး​များ​သည်​သေ​ဆုံး​သွား​ပြီ​ဖြစ်​၍ ငါ့​မှာ​သား​သ​မီး​မ​ရှိ​နိုင်​တော့​ပါ။ငါ​သည်​ရပ်​ဝေး​သို့​ပြည်​နှင်​ဒဏ်​သင့်​၍ နှင်​ထုတ်​ခံ​ခဲ့​ရ​သ​ဖြင့်ဤ​သား​သ​မီး​တို့​ကို​အ​ဘယ်​သူ​ကျွေး​မွေး​ပြု​စု ခဲ့​ပါ​သ​နည်း။ငါ​သည်​တစ်​ကိုယ်​တည်း​သာ​လျှင်​ကျန်​ရှိ​ခဲ့​၏။ဤ​သား​သ​မီး​များ​ကား၊အ​ဘယ်​အ​ရပ်​မှ ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 49