ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 49:1-10 Common Language Bible (BCL)

1. တိုင်း​တစ်​ပါး​မှ​လူ​မျိုး​အ​ပေါင်း​တို့၊ ရပ်​ဝေး​တွင် နေ​ထိုင်​သော​လူ​တို့၊ငါ​ပြော​သည်​ကို​သင်​တို့​နား​ထောင်​ကြ​လော့။ငါ​မ​မွေး​မ​ဖွား​မီ​အ​ခါ​က​ပင်​လျှင်ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ရွေး​ကောက်​တော်​မူ​၍၊ မိ​မိ​၏​အ​စေ​ခံ​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပါ​၏။

2. ကိုယ်​တော်​သည်​ငါ​၏​နှုတ်​ကို​ဋ္ဌား​ကဲ့​သို့​ထက်​မြက် စေ​၍၊လက်​တော်​ဖြင့်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​ချွန်​မြ​၍​အ​သုံး​ပြု​ရန်​အ​သင့်​ရှိ​သည့် မြား​ကဲ့​သို့​ငါ့​ကို​ဖြစ်​စေ​တော်​မူ​၍၊

3. ငါ့​အား​ကိုယ်​တော်​က``အို ဣ​သ​ရေ​လ၊​သင်​သည် ငါ​၏​အ​စေ​ခံ​ဖြစ်​၏။သင်​၏​အ​တွက်​ကြောင့်​လူ​တို့​သည်၊​ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

4. ငါ​သည်​လည်း​မိ​မိ​လုပ်​ဆောင်​ခဲ့​သည့်​အ​မှု​တို့ အ​ကျိုး​မ​ရှိ​ပုံ​ကို​လည်း​ကောင်း၊မိ​မိ​မှာ​အား​အင်​သာ​လျှင်​ကုန်​ခန်း​လျက်အ​ဘယ်​အ​မှု​အ​ရာ​မျှ​မ​အောင်​မြင်​ပုံ​ကို လည်း​ကောင်း တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​၏။သို့​ရာ​တွင်​ငါ​သည်​မိ​မိ​၏​အ​မှု​ကိစ္စ​များ အ​ဆင်​ပြေ​စေ​ရန်ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​နိုင်​ပါ​စေ။ကိုယ်​တော်​သည်​ငါ​ပြု​သည့်​အ​မှု​အ​တွက် ဆု​လာဘ်​များ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။

5. အ​မိ​ဝမ်း​တွင်​ရှိ​စဉ်​အ​ခါ​က​ပင်​လျှင်၊ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည်​ရွေး​ချယ်​ထား​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ပြန်​လည်​ခေါ်​ဆောင်​လာ​စေ​ရန်၊ပျံ့​လွင့်​လျက်​ရှိ​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ပြန်​လည်​ခေါ်​ဆောင်​လာ​စေ​ရန်အ​စေ​ခံ​အ​ဖြစ်​ဖြင့်​ငါ​ကို​ခန့်​ထား​တော်​မူ​ပါ​၏။ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ဂုဏ်​ပြု​တော်​မူ​၍ ငါ့​ခွန်​အား​၏​အ​ရင်း​အ​မြစ်​ဖြစ်​တော်​မူ​၏။

6. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​ကကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန်ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

7. လူ​မျိုး​တ​ကာ​တို့​၏​ရွံ​ရှာ​မုန်း​တီး​ခြင်း​ကို များ​စွာ​ခံ​ရ​၍၊မင်း​ဆိုး​မင်း​ညစ်​တို့​၏​အ​စေ​ခံ​ဖြစ်​သူ​အား၊ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် သည့် ဘု​ရား​သ​ခင်၊ကယ်​တင်​ရှင်​က၊``ပြည်​ရှင်​မင်း​တို့​သည်​သင့်​အား​လွတ်​မြောက် စေ​ပြီး​လျှင် ထ​၍​အ​ရို​အ​သေ​ပေး​ကြ​လိမ့်​မည်။မင်း​ညီ​မင်း​သား​များ​သည်​လည်း​သင့်​ကို​မြင်​၍၊ ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​အ​လေး​ပြု​ကြ​လိမ့်​မည်။''အ​ဘယ်​ကြောင့်​ဆို​သော်၊က​တိ​တည်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော၊ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊သင့်​ကို​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း​ဟု​မိန့်​တော်​မူ​ပါ​၏။

8. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား``သင်​တို့​ကို​ကယ်​ရန်​အ​ချိန်​ကျ​သော​အ​ခါ၊ ငါ​သည်​သင်​တို့​အား​အ​ခွင့်​အ​ရေး​ပေး​၍၊ကူ​မ​တော်​မူ​ရန်​သင်​တို့​ဟစ်​အော်​သံ​ကို နား​ညောင်း​မည်။ငါ​သည်​သင်​တို့​အား​ထိန်း​သိမ်း​ကွယ်​ကာ စောင့်​ရှောက်​မည်။သင်​တို့​အား​ဖြင့်​လူ​အ​ပေါင်း​တို့​နှင့်​လည်း ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ယ​ခု​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့်​သင်​တို့ ၏​ပြည်​တွင်၊တစ်​ဖန်​အ​တည်​တ​ကျ​ပြန်​လည်​နေ​ထိုင်​ခွင့်​ကို သင်​တို့​အား​ငါ​ပေး​မည်။

9. အ​ကျဉ်း​ကျ​လျက်​နေ​သူ​တို့​အား`လွတ်​လပ်​စွာ ထွက်​ခွာ​သွား​ကြ​လော့' ဟူ​၍​လည်း​ကောင်း၊မှောင်​မိုက်​တွင်​ရှိ​နေ​သူ​တို့​အား`အ​လင်း​သို့ ဝင်​ကြ​လော့' ဟူ​၍​လည်း​ကောင်း​ငါပြော​မည်။သူ​တို့​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ပင်ကျက်​စား​လျက်​နေ​သော သိုး​များ​နှင့်​တူ​လိမ့်​မည်။

10. သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​စာ​ရေ​စာ ငတ်​မွတ် ရ​လိမ့်​မည်​မ​ဟုတ်။သူ​တို့​သည်​မိ​မိ​တို့​အား​ချစ်​မြတ်​နိုး​တော် မူ​သော အ​ရှင်​၏​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​ခံ​ယူ​၍၊နေ​နှင့်​သဲ​ကန္တာ​ရ​အ​ပူ​ရှိန်​ကြောင့်​ဘေး အန္တ​ရာယ် ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ထို​အ​ရှင်​သည်​သူ​တို့​အား​စမ်း​ရေ​တွင်း​များ ရှိ​ရာ​သို့ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 49