ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 47:9-15 Common Language Bible (BCL)

9. သို့​ရာ​တွင်၊သင်​သည်​တစ်​နေ့​အ​တွင်း​တ​ခ​ဏ ခြင်း​၌ ဤ​အ​မှု​နှစ်​ရပ်​စ​လုံး​နှင့်​ကြုံ​တွေ့​ရ​လိမ့်​မည်။မှော်​အ​တတ်​မှန်​မျှ​ကို​အ​သုံး​ပြု​ပါ​သော်​လည်းသင်​သည်​သား​သ​မီး​များ​ကို​ဆုံး​ရှုံး​ရ​လျက်၊ မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​လိမ့်​မည်။

10. ``သင်​သည်​မ​ကောင်း​မှု​ကို​ပြု​လျက်၊မိ​မိ​ကိုယ်​ကို ဟုတ်​လှ​ပြီ။မိ​မိ​ကို​အ​ဘယ်​သူ​မျှ​မ​မြင်​ဟု​ထင်​မှတ်​ဘိ​၏။သင်​၏​ဉာဏ်​ပညာ​နှင့်​အ​သိ​ပ​ညာ​တို့​က​သင့်​အား လမ်း​လွဲ​စေ​လေ​ပြီ။သင်​သည်​မိ​မိ​ကိုယ်​ကို`ငါ​သည်​ဘု​ရား​ဖြစ်​၏ ငါ့​လို​လူ​ဇမ္ဗူ​တွင်​မ​ရှိ' ဟု​ဆို​ပါ​သည်​တ​ကား။

11. ဘေး​အန္တ​ရာယ်​ဆိုး​သည်​သင်​၏​အ​ပေါ်​သို့ သက်​ရောက်​လာ​လိမ့်​မည်။ယင်း​ကို​သင်​၏​မှော်​အ​တတ်​က​တား​ဆီး​နိုင် လိမ့်​မည်​မ​ဟုတ်။သင်​သည်​အ​ဘယ်​အ​ခါ​က​မျှ​အိပ်​မက်​၌​ပင်မ​မြင်​မက်​ဘူး​သော​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကြုံ​တွေ့​ရ​လိမ့်​မည်။

12. သင်​၏​ဂါ​ထာ​မန္တန်​များ​နှင့်​အ​ဆောင်​လက်​ဖွဲ့ များ​ကို ဆောင်​ထား​လော့။ထို​အ​ရာ​များ​ကို​သင်​သည်​ငယ်​စဉ်​အ​ခါ က​ပင်​လျှင် အ​သုံး​ပြု​၍​လာ​ခဲ့​၏။ယင်း​တို့​သည်​သင့်​အား​အ​ကူ​အ​ညီ ပေး​ကောင်း​ပေး​ပါ​လိမ့်​မည်။သင်​၏​ရန်​သူ​များ​ကို​လည်း​နှင်​ထုတ်​ကောင်း နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်။

13. သင့်​မှာ​အ​ကြံ​ပေး​အ​ရာ​ရှိ​အ​မြောက်​အ​မြားရှိ​ပါ​သော်​လည်း၊သင်​သည်​အ​ဘယ်​သို့​မျှ မ​တတ်​နိုင်။ကြယ်​တာ​ရာ​တို့​ကို​ကြည့်​ရှု​လေ့​လာ​သူ​များ မိုး​ကောင်း​ကင်​တွင်​ဇုံ​နယ်​များ​ဆွဲ​ကာ၊တစ်​လ​ပြီး​တစ်​လ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​ကို သင့်​အား​ကြို​တင်​ဖော်​ပြ​ကြ​သူ၊သင်​၏​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​သည်​လာ​၍ သင့်​ကို​ကယ်​ကြ​ပါ​လေ​စေ။

14. ``သူ​တို့​သည်​ဖွဲ​ကဲ့​သို့​ဖြစ်​၍​မီး​သည်​သူ​တို့​အား ကျွမ်း​လောင်​စေ​လိမ့်​မည်။သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။မီး​လျှံ​များ​သည်​ပူ​နွေး​ရန်​လှုံ​သည့်​မီး​မျိုး မ​ဟုတ်​ဘဲ၊ သူ​တို့​အ​တွက်​အ​ပူ​လွန်​၍​နေ​လိမ့်​မည်။

15. သင်​တစ်​သက်​လုံး​တိုင်​ပင်​ခဲ့​သည့်​နက္ခတ်​ဆ​ရာ တို့​၏ အ​ကြံ​ပေး​ချက်​သည်​လည်း၊ဤ​အ​တိုင်း​ပင်​သင့်​အား​ဖြစ်​စေ​လိမ့်​မည်။ထို​သူ​အ​ပေါင်း​တို့​သည်​သင့်​ကို​ထား​ခဲ့​၍ မိ​မိ​တို့​သွား​လို​ရာ​သို့​ထွက်​သွား​ကြ​လိမ့်​မည်။သင့်​ကို​ကယ်​ရန်​မည်​သူ​တစ်​ယောက်​မျှ​ကျန်​ရစ်​ခဲ့ လိမ့်​မည်​မ​ဟုတ်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 47