``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။