ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 47:3-8 Common Language Bible (BCL)

3. သင်​သည်​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​ကာ​အ​ရှက်​ကွဲ လျက်အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​၍​နေ​သည်​ကို လူ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။ငါ​သည်​သင့်​အား​လက်​စား​ချေ​မည်။ငါ့​ကို​အ​ဘယ်​သူ​မျှ​ဆီး​တား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

4. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် သည် ငါ​တို့​ကို​ရွေး​နုတ်​ကယ်​တင်​တော်​မူ​ပြီ။ကိုယ်​တော်​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား။

5. ဗာ​ဗု​လုန်​မြို့​အား​ထာ​ဝ​ရ​ဘု​ရား​က​ဆိတ်​ငြိမ်​ရာ မှောင်​မိုက်​ထဲ​တွင်​ထိုင်​၍​နေ​လော့။လူ​တို့​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏ ဘု​ရင်​မ​ဟု ခေါ်​ကြ​တော့​မည်​မ​ဟုတ်။

6. ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မျက်​ထွက် သ​ဖြင့်၊ ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်​ဘိ​သ​ကဲ့​သို့​ပြု​ခဲ့​၏။သင်​၏​အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ခဲ့​၏။သို့​ရာ​တွင်​သင်​သည်​သူ​တို့​အ​ပေါ်​၌ သ​နား​ကြင်​နာ​စိတ်​မ​ထား။အ​သက်​ကြီး​သူ​များ​ကို​ပင်​ကြမ်း​ကြုတ်​စွာ ပြု​ကျင့်​၏။

7. မိ​မိ​သည်​အ​စဉ်​အ​မြဲ​ဘု​ရင်​မ​ဖြစ်​၍​နေ လိမ့်​မည်​ဟု ထင်​မှတ်​ကာ၊ဤ​အ​မှု​တို့​ကို​နှ​လုံး​မ​သွင်း။ယင်း​တို့​အ​ဘယ်​သို့​နိ​ဂုံး​ချုပ်​မည်​ကို​လည်း မ​စဉ်း​စား။

8. ``အ​ချင်း​အ​ပျော်​အ​ပါး​ကို​ချစ်​မြတ်​နိုး​သူ၊မိ​မိ​တွင်​လုံ​ခြုံ​မှု​ရှိ​လှ​ပြီ​ဟု​ထင်​မှတ်​သူ၊ ဤ​စကား​ကို​နား​ထောင်​လော့။ငါ​သည်​ဘု​ရား​တ​မျှ​ကြီး​မြတ်​သည်​ဟူ​၍ လည်း​ကောင်း၊ ငါ​လို​လူ​ဇမ္ဗူ​တွင်​မ​ရှိ​ဟူ​၍​လည်း​ကောင်း​သင်​ဆို​၏။သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မု​ဆိုး​မ ဖြစ်​ရ​လိမ့်​မည်​မဟုတ်။အ​ဘယ်​အ​ခါ​၌​မျှ​သား​သ​မီး​များ​ကို​လည်း ဆုံး​ရှုံး​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင်​ထင်​မှတ်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 47