ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 46:1-11 Common Language Bible (BCL)

1. ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပေ​တည်း။အ​ခါ​တစ်​ပါး​က​လူ​တို့​သည်​ဗေ​လ​ဘု​ရား နှင့်​နေ​ဗော ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။ယ​ခု​အ​ခါ​၌​သူ​တို့​ကို​မြည်း​များ​ပေါ်​တွင် တင်​၍၊မော​ပန်း​နေ​သည့်​တိ​ရစ္ဆာန်​များ​သယ်​ဆောင်​ရန် ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​စေ​ကြ​၏။

2. ထို​ရုပ်​တု​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​မ​ကယ် နိုင်​ကြ။သူ​တို့​သည်​ဖမ်း​ဆီး​သိမ်း​ယူ​ခြင်း​ကို ခံ​ရ​ကြ​တော့​၏။ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပင်​တည်း။

3. ``အို ယာ​ကုပ်​သား​မြေး​တို့၊ငါ​၏​ဣ​သ​ရေ​လ လူ​မျိုး​တော်​အ​နက်​မှကြွင်း​ကျန်​နေ​သူ​တို့၊ငါ​ပြော​သည်​ကို နား​ထောင်​ကြ​လော့။သင်​တို့​သန္ဓေ​တည်​၍​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍ငါ​သည်​သင်​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​ခဲ့ ပေ​သည်။

4. ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။သင်​တို့​အို​မင်း​၍​ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊သင်​တို့​အား​ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပို့​ဆောင် မည်။သင်​တို့​အား​ငါ​ကူ​မ​မည်။ ကယ်​တင်​မည်။

5. ``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​သူ​နှင့် နှိုင်း​ယှဉ်​ကြ​ပါ​မည်​နည်း။ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​ရှိ​ပါ​သေး သ​လော။

6. လူ​တို့​သည်​မိ​မိ​တို့​၏​ရွှေ​အိတ်​များ​မှ​ရွှေ များ​ကို သွန်​ချ​ကာ၊ငွေ​များ​ကို​လည်း​ချိန်​ခွင်​နှင့်​ချိန်​တွယ်​ပြီး​လျှင်၊ဘု​ရား​သွန်း​လုပ်​ရန်​ပန်း​ထိမ်​သည်​ကို​ငှား​ရမ်း ကြ​၏။ထို​နောက်၊ထို​ဘု​ရား​အား​ဦး​ညွှတ်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​သည်​တ​ကား။

7. သူ​တို့​သည်​ထို​ဘု​ရား​ကို​ပ​ခုံး​ထက်​တွင် ထမ်း​၍ ဆောင်​ယူ​ကာ​နေ​ရာ​ချထား​၏။ဘု​ရား​သည်​လည်း​မိ​မိ​တည်​ရှိ​သည့် နေ​ရာ​မှ မ​ရွေ့​မ​လျား​နိုင်​ရပ်​လျက်​သာ​နေ​၏။အ​ကယ်​၍​သူ့​အား​တစ်​စုံ​တစ်​ယောက်​သော သူ​က ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မူ​သူ​သည်​အ​ဖြေ မ​ပေး​နိုင်။ထို​သူ့​အား​ဘေး​အန္တရာယ်​မှ​လည်း​မ​ကယ်​နိုင်။

8. ``အ​ချင်း​အ​ပြစ်​ကူး​လွန်​သူ​တို့၊​ဤ​အ​ချင်း အ​ရာ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ငါ​ပြု​ခဲ့​သည့်​အ​မှု​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​လော့။

9. ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ငါ​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း ကို​လည်း​ကောင်း​သိ​မှတ်​ဝန်​ခံ​ကြ​လော့။

10. ငါ​သည်​အ​စ​အ​ဦး​မှ​တင်​ကူး​၍​နိ​ဂုံး​ကို ဖော်​ပြ​ခဲ့​၏။ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ရှေး​ကာ​လ​မှ​ပင်​လျှင် ကြို​တင်​ဟော​ကြား​ခဲ့​၏။ငါ​၏​အ​ကြံ​အ​စည်​များ​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​ပြား​ရ​လိမ့်​မည်​မ​ဟုတ်​ဟုငါ​ဆို​ခဲ့​သည့်​အ​တိုင်း၊ငါ​ရည်​ရွယ်​ထား​သည့် အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​ငါ​ပြု​မည်။

11. ငါ​သည်​အ​ရှေ့​အ​ရပ်​မှ​လူ​တစ်​ဦး​ကို​ခေါ် ယူ​မည်။သူ​သည်​စွန်​ရဲ​ကဲ့​သို့​ထိုး​ဆင်း​လာ​ပြီး​လျှင်ငါ​ကြံ​စည်​ထား​သည့်​အ​မှု​တို့​ကို​ဆောင်​ရွက် ပေး​လိမ့်​မည်။ဤ​ကား​ငါ​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၍​ဤ အ​တိုင်း ဖြစ်​ပျက်​ရ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 46