8. ငါသည်အောင်ပွဲကိုမိုးရေသဖွယ် ကောင်းကင်မှချပေးမည်။ယင်းကိုကမ္ဘာမြေကြီးသည်ဖွင့်ဟခံယူကာလွတ်လပ်မှုနှင့်တရားမျှတမှုတည်းဟူ သော အသီးအပွင့်များကိုဆောင်လိမ့်မည်။ငါထာဝရဘုရားသည်ဤအမှုအရာ များကို ဖြစ်ပျက်စေတော်မူပေအံ့။''
9. အခြားအိုးများနှင့်မထူးခြားသည့်မြေအိုး သည် အိုးထိန်းသည်နှင့်အတူငြင်းခုံဝံ့ပါမည် လော။ရွှံ့စေးကအိုးထိန်းသည်အားအဘယ်သို့သောအရာကိုသင်ပြုလုပ် သနည်းဟု မေးရပါမည်လော။မြေအိုးကမိမိကိုပြုလုပ်သူတွင်ကျင် လည်မှု မရှိဟုညည်းညူရပါမည်လော။
10. မိမိ၏မိဘများအား``အဘယ်ကြောင့်ကျွန်တော့်ကိုဤသို့မွေးထုတ်ကြပါ သနည်း'' ဟု ဆိုဝံ့သူရှိပါသလော။
11. ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်၊အနာဂတ်ကိုပြုပြင်ဖန်တီးတော်မူသော ထာဝရဘုရားက၊``ငါ၏သားသမီးများနှင့်ပတ်သက်၍ သင်တို့တွင် မေးခွန်းထုတ်ပိုင်ခွင့်မရှိ။အဘယ်အမှုကိုငါပြုသင့်သည်ဟုလည်း ပြောဆိုပိုင်ခွင့်မရှိ။
12. ငါသည်ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေ၍လူ တို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၏။မိမိတန်ခိုးတော်အားဖြင့်မိုးကောင်းကင်ကိုဖြန့်ကြက်၍နေ၊လ၊ ကြယ်တာရာများကိုထိန်းချုပ်၍ထား၏။
13. အရာခပ်သိမ်းအဆင်ပြေမှုအတွက်ငါ၏ အကြံအစည်ပြည့်စုံစေရန်၊ငါကိုယ်တိုင်ပင်ကုရုဘုရင်အား လှုံ့ဆော်စေခိုင်းခဲ့၏။သူသွားရာလမ်းမှန်သမျှကိုငါဖြောင့်ဖြူး စေမည်။သူသည်ငါ၏မြို့တော်တည်းဟူသော ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်ကာ၊အဖမ်းခံနေရသူ၊ငါ၏လူမျိုးတော်အား အနှောင်အဖွဲ့မှဖြေလွှတ်ပေးလိမ့်မည်။ဤအမှုတို့ကိုပြုစေရန်၊သူ့အားအဘယ် သူမျှ မငှားမယမ်း။တံစိုးလက်ဆောင်လည်းမပေး'' ဟုမိန့်တော်မူ၏။ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်သတည်း။
14. ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
15. မိမိ၏လူမျိုးတော်တို့ကယ်တင်တော်မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင် သည်၊လူ့ဉာဏ်မျက်စိဖြင့်မတွေ့မမြင်နိုင်သော ဘုရား ဖြစ်တော်မူ၏ဟုဝန်ခံကြလိမ့်မည်။
16. ရုပ်တုများကိုပြုလုပ်သူအပေါင်းတို့သည် အရှက်ကွဲကြလိမ့်မည်။ထိုသူအားလုံးပင်အသရေပျက်ကြလိမ့်မည်။
17. သို့ရာတွင်ဣသရေလအမျိုးသားတို့မူကားထာဝရဘုရား၏ကယ်တင်တော်မူခြင်းကို ခံကြလျက်သူတို့၏အောင်ပွဲသည်ထာဝစဉ်တည်လိမ့်မည်။သူတို့သည်လည်းအဘယ်အခါ၌မျှ အသရေပျက်ကြရလိမ့်မည်မဟုတ်။' ''