16. ရုပ်တုများကိုပြုလုပ်သူအပေါင်းတို့သည် အရှက်ကွဲကြလိမ့်မည်။ထိုသူအားလုံးပင်အသရေပျက်ကြလိမ့်မည်။
17. သို့ရာတွင်ဣသရေလအမျိုးသားတို့မူကားထာဝရဘုရား၏ကယ်တင်တော်မူခြင်းကို ခံကြလျက်သူတို့၏အောင်ပွဲသည်ထာဝစဉ်တည်လိမ့်မည်။သူတို့သည်လည်းအဘယ်အခါ၌မျှ အသရေပျက်ကြရလိမ့်မည်မဟုတ်။' ''
18. ထာဝရဘုရားသည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ကိုယ်တော်သည်ဘုရားသခင်ဖြစ်တော်မူ ပါသည်တကား။ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုပြုပြင် ဖန်ဆင်းတော်မူ၍၊ခိုင်ခန့်တည်မြဲစေတော်မူ၏။ယင်းကိုကိုယ်တော်သည်လူသူကင်းမဲ့ရာနေရာ အဖြစ်ဖြင့်ဖန်ဆင်းတော်မူသည်မဟုတ်။လူတို့နေထိုင်ရာအရပ်အဖြစ်ဖြင့်ဖန်ဆင်း တော်မူပေသည်။ကိုယ်တော်ကား``ငါသည်ထာဝရဘုရားဖြစ်၏။ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
19. ငါသည်လျှို့ဝှက်၍မဟောပြော။ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ငါသည်ထာဝရဘုရားဖြစ်၏။သစ္စာစကားကိုဆို၍အမှန်တရားကိုဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။
20. ထာဝရဘုရားက၊``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊အချင်းအသိပညာကင်းမဲ့သူတို့၊မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊တရားဆိုင်ရန်လာရောက်ကြလော့။
21. လာရောက်၍သင်တို့၏အမှုကိုရုံးတော်သို့ တင်ကြလော့။တရားခံတို့သည်အချင်းချင်းတစ်ဦးနှင့် တစ်ဦး တိုင်ပင်နှီးနှောရကြ၏။ဖြစ်ပျက်မည့်အမှုအရာကိုအဘယ်သူသည် ကြိုတင်ဖော်ပြပါသနည်း။ရှေးမဆွကပင်လျှင်ကြိုတင်ဟောကြားခဲ့ ပါသနည်း။ငါထာဝရဘုရားသည်မိမိ၏လူမျိုးတော်ကိုကယ်တင်သည့်ဘုရား မဟုတ်ပါလော။ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှ မရှိ။
22. ``ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ငါ့ထံသို့လာ၍ ကယ်တင်ခြင်းကျေးဇူးကိုခံယူကြလော့။တစ်ဆူတည်းရှိတော်မူသောဘုရားကား ငါပင်တည်း။
23. ငါ၏နှုတ်ထွက်စကားသည်အမှန်ဖြစ်သဖြင့်ပြောင်းလဲ၍သွားလိမ့်မည်မဟုတ်။လူအပေါင်းတို့သည်လာ၍ငါ၏ရှေ့၌ ဒူးထောက်ကာ၊ကျေးဇူးသစ္စာတော်ကိုခံယူပါမည်ဟုကျိန်ဆို ကတိပြုကြလိမ့်မည်။
24. ``သူတို့သည်ငါ့အားဖြင့်သာလျှင်အောင်မြင်မှုနှင့်ခွန်အားစွမ်းရည်ကိုရရှိကြောင်းပြောဆိုကြ လိမ့်မည်။သို့ရာတွင်ငါ့ကိုမုန်းသောသူအပေါင်းသည် အသရေပျက်ကြလိမ့်မည်။