ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 45:13-25 Common Language Bible (BCL)

13. အ​ရာ​ခပ်​သိမ်း​အ​ဆင်​ပြေ​မှု​အ​တွက်​ငါ​၏ အ​ကြံ​အ​စည်​ပြည့်​စုံ​စေ​ရန်၊ငါ​ကိုယ်​တိုင်​ပင်​ကု​ရု​ဘု​ရင်​အား လှုံ့​ဆော်​စေ​ခိုင်း​ခဲ့​၏။သူ​သွား​ရာ​လမ်း​မှန်​သ​မျှ​ကို​ငါ​ဖြောင့်​ဖြူး စေ​မည်။သူ​သည်​ငါ​၏​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​ကာ၊အ​ဖမ်း​ခံ​နေ​ရ​သူ၊ငါ​၏​လူ​မျိုး​တော်​အား အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပေး​လိမ့်​မည်။ဤ​အ​မှု​တို့​ကို​ပြု​စေ​ရန်၊သူ့​အား​အ​ဘယ် သူ​မျှ မ​ငှား​မ​ယမ်း။တံ​စိုး​လက်​ဆောင်​လည်း​မ​ပေး'' ဟု​မိန့်​တော်​မူ​၏။ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​သ​တည်း။

14. ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​တော်​မူ​သည်​မှာ``အီ​ဂျစ်​ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​၏​စည်း​စိမ် ဥစ္စာ​များ​ကို​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ထွား​ကြိုင်း​သည့်​သေ​ဘ​ပြည်​သား​တို့​သည် သင်​တို့​ထံ​တွင်​ကျွန်​ခံ​ရကြ​လိမ့်​မည်။သူ​တို့​သည်​သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​နှင့် သင်​တို့​နောက်​မှ​လိုက်​ရကြ​လိမ့်​မည်။သူ​တို့​သည်​သင်​တို့​၏​ရှေ့​တွင်​ဦး​ညွှတ်​လျက် `ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​ပြီ။ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။

15. မိ​မိ​၏​လူ​မျိုး​တော်​တို့​ကယ်​တင်​တော်​မူ​သောဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည်၊လူ့​ဉာဏ်​မျက်​စိ​ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော ဘု​ရား ဖြစ်​တော်​မူ​၏​ဟု​ဝန်​ခံ​ကြ​လိမ့်​မည်။

16. ရုပ်​တု​များ​ကို​ပြု​လုပ်​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။ထို​သူ​အား​လုံး​ပင်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။

17. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကားထာ​ဝ​ရ​ဘု​ရား​၏​ကယ်​တင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လျက်​သူ​တို့​၏​အောင်​ပွဲ​သည်ထာ​ဝ​စဉ်​တည်​လိမ့်​မည်။သူ​တို့​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ အ​သ​ရေ​ပျက်​ကြ​ရ​လိမ့်​မည်​မဟုတ်။' ''

18. ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၏။ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ပါ​သည်​တ​ကား။ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပြု​ပြင် ဖန်​ဆင်း​တော်​မူ​၍၊ခိုင်​ခန့်​တည်​မြဲ​စေ​တော်​မူ​၏။ယင်း​ကို​ကိုယ်​တော်​သည်​လူ​သူ​ကင်း​မဲ့​ရာ​နေ​ရာ အ​ဖြစ်​ဖြင့်​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်။လူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​အ​ဖြစ်​ဖြင့်​ဖန်​ဆင်း တော်​မူ​ပေ​သည်။ကိုယ်​တော်​ကား``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။

19. ငါ​သည်​လျှို့​ဝှက်​၍​မ​ဟော​ပြော။ငါ​၏​အ​ကြံ​အ​စည်​တော်​ကို​လည်း ထိမ်​ဝှက်​၍​မ​ထား။ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လူ​သူ ကင်း​မဲ့​သည့်​အ​ရပ်​တွင်​ငါ့​ကို​ရှာ​ဖွေ​စေ​သည် မ​ဟုတ်။ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။သစ္စာ​စ​ကား​ကို​ဆို​၍​အ​မှန်​တ​ရား​ကိုဖော်​ထုတ်​တတ်​၏'' ဟု​မိန့်​တော်​မူ​သော အ​ရှင်​ပင်​ဖြစ်​သ​တည်း။

20. ထာ​ဝ​ရ​ဘု​ရား​က၊``လူ​မျိုး​တ​ကာ​တို့​လာ​ရောက်​စု​ဝေး​ကြ​လော့။ဧ​က​ရာဇ်​နိုင်​ငံ​ကျ​ဆုံး​ပြီး​နောက်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​အ​ပေါင်း​တို့၊အ​ချင်း​အ​သိ​ပ​ညာ​ကင်း​မဲ့​သူ​တို့၊မိ​မိ​တို့​၏​သစ်​သား​ရုပ်​တု​များ​ကို ခင်း​ကျင်း​ပြ​သ​ကာ၊ကယ်​တင်​နိုင်​စွမ်း​မ​ရှိ​သည့်​ဘု​ရား​များ​ထံ​တွင် ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ​တို့၊တ​ရား​ဆိုင်​ရန်​လာ​ရောက်​ကြ​လော့။

21. လာ​ရောက်​၍​သင်​တို့​၏​အ​မှု​ကို​ရုံး​တော်​သို့ တင်​ကြ​လော့။တ​ရား​ခံ​တို့​သည်​အ​ချင်း​ချင်း​တစ်​ဦး​နှင့် တစ်​ဦး တိုင်​ပင်​နှီး​နှော​ရကြ​၏။ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​အ​ဘယ်​သူ​သည် ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို​တင်​ဟော​ကြား​ခဲ့ ပါ​သ​နည်း။ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကိုကယ်​တင်​သည့်​ဘု​ရား မ​ဟုတ်​ပါ​လော။ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ မ​ရှိ။

22. ``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။

23. ငါ​၏​နှုတ်​ထွက်​စ​ကား​သည်​အ​မှန်​ဖြစ်​သ​ဖြင့်ပြောင်း​လဲ​၍​သွား​လိမ့်​မည်​မ​ဟုတ်။လူ​အ​ပေါင်း​တို့​သည်​လာ​၍​ငါ​၏​ရှေ့​၌ ဒူး​ထောက်​ကာ၊ကျေး​ဇူး​သစ္စာ​တော်​ကို​ခံ​ယူ​ပါ​မည်​ဟု​ကျိန်​ဆို က​တိ​ပြု​ကြ​လိမ့်​မည်။

24. ``သူ​တို့​သည်​ငါ့​အား​ဖြင့်​သာ​လျှင်​အောင်​မြင်​မှု​နှင့်ခွန်​အား​စွမ်း​ရည်​ကို​ရ​ရှိ​ကြောင်း​ပြော​ဆို​ကြ လိမ့်​မည်။သို့​ရာ​တွင်​ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​သည် အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။

25. ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​၏​သား​မြေး အ​ပေါင်း​ကို​ကယ်​ဆယ်​မည်။သူ​တို့​သည်​လည်း​ငါ့​ကို​ထော​မ​နာ​ပြု​ကြ လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 45