ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 45:1-8 Common Language Bible (BCL)

1. ကု​ရု​ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် ပေး​တော်​မူ​သော​သူ​ဖြစ်​ပါ​သည်​တ​ကား။ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​ကို နှိမ်​နင်း​အောင်​မြင်​ရန်​သူ့​အား​ခန့်​ထား​တော် မူ​၏။ကိုယ်​တော်​သည်​ပြည်​ရှင်​မင်း​တို့​၏​တန်​ခိုး အာ​ဏာ​ကို ရုပ်​သိမ်း​ရန်​သူ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​တွက်​မြို့​တံ​ခါး များ​ကို ဖွင့်​ပေး​တော်​မူ​မည်။ထာ​ဝ​ရ​ဘု​ရား​က​ကု​ရု​ဘု​ရင်​အား

2. ``ငါ​ကိုယ်​တိုင်​ပင်​တောင်​ကြီး​တောင်​ငယ်​တို့ ကို​ဖြို​၍၊ သင်​၏​အ​တွက်​ခ​ရီး​လမ်း​ကို​ပြင်​ဆင်​မည်။ငါ​သည်​ကြေး​ဝါ​မြို့​တံ​ခါး​တို့​ကို​ဖျက်​၍ ယင်း​တို့​မှ သံ​ကန့်​လန့်​တန်း​များ​ကို​အ​ပိုင်း​ပိုင်း​ချိုး ပစ်​မည်။

3. မှောင်​မိုက်​သည့်​ဘဏ္ဍာ​တိုက်​များ​နှင့်​လျှို့​ဝှက် သည့် အ​ရပ်​တွင်သိမ်း​ဆည်း​ထား​သည့်​ပစ္စည်း​ဥစ္စာ​ရ​တ​နာ များ​ကို သင့်​အား​ငါ​ပေး​မည်။ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည်သင့်​ကို​ရွေး​ချယ်​၍​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​သင်​သိ​ရှိ​ရ​လိမ့်​မည်။

4. ငါ​ရွေး​ချယ်​ထား​သည့်​လူ​မျိုး​တော်၊ ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အားကူ​ညီ​မ​စ​ရန်​အ​တွက်​သင့်​ကို ငါ​ခန့်​ထား​ခြင်း​ဖြစ်​၏။သင်​သည်​ငါ့​ကို​မ​သိ​သော်​လည်း​ငါ​သည် သင့်​အား ကြီး​မြတ်​သည့်​ဂုဏ်​အ​သ​ရေ​ကို​ပေး​ပြီ။

5. ``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။သင်​သည်​ငါ့​ကို​မ​သိ​သော်​လည်း​ငါ​သည် သင်​လို​အပ်​သော​ခွန်​အား​စွမ်း​ရည်​ကို​ပေး​မည်။

6. ငါ​ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍၊ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ မ​ရှိ​ကြောင်း​ကိုကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ အ​ခြား​တစ်​စွန်း​သို့​တိုင်​အောင်၊ရှိ​သ​မျှ​သော​လူ​တို့​သိ​ရှိ​လာ​ကြ​စေ​ရန် ပင်​ဖြစ်​၏။

7. ငါ​သည်​အ​လင်း​နှင့်​အ​မှောင်​ကို​ဖန်​ဆင်း​၏။ကောင်း​ကြီး​မင်္ဂ​လာ​နှင့်​ဘေး​အန္တ​ရာယ်​ကို​ပါ ဆောင်​ယူ​ပေး​၏။ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို​ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပေ​သည်။

8. ငါ​သည်​အောင်​ပွဲ​ကို​မိုး​ရေ​သ​ဖွယ် ကောင်း​ကင်​မှ​ချ​ပေး​မည်။ယင်း​ကို​ကမ္ဘာ​မြေ​ကြီး​သည်​ဖွင့်​ဟ​ခံ​ယူ​ကာလွတ်​လပ်​မှု​နှင့်​တ​ရား​မျှ​တ​မှု​တည်း​ဟူ သော အ​သီး​အ​ပွင့်​များ​ကို​ဆောင်​လိမ့်​မည်။ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ များ​ကို ဖြစ်​ပျက်​စေ​တော်​မူ​ပေ​အံ့။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 45