ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 44:4-16 Common Language Bible (BCL)

4. သူ​တို့​သည်​ရေ​ကောင်း​စွာ​ရ​သည့်​မြက်​များ ကဲ့​သို့ရေ​စီး​သော​ချောင်း​အ​နီး​ရှိ​မိုး​မ​ခ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​ဝေ​ဆာ​လျက်​နေ​ကြ​လိမ့်​မည်။

5. ``လူ​တို့​သည်​တစ်​ယောက်​ပြီး​တစ်​ယောက် `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​ဖြစ်​ပါ​သည်' ဟု ပြော​ဆို​ကြ​လိမ့်​မည်။သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် အ​တူ လာ​ရောက်​နေ​ထိုင်​ကြ​လိမ့်​မည်။သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​လက်​မောင်း​တွင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ရေး​မှတ်​ကာ၊မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဟု မှည့်​ခေါ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။

6. ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စိုး​ရ​၍​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား၊အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင် အောင် တည်​နေ​တော်​မူ​သော​အ​ရှင်၊တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။

7. ငါ​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​ပြု​နိုင်​၍​ကပ် ကာ​လ​အ​စ​မှအ​ဆုံး​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကိုပြတ်​သား​စွာ​ကြို​တင်​ဖော်​ပြ​နိုင်​သူ​တစ်​စုံ တစ်​ယောက် ရှိ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

8. အို ငါ​၏​လူ​မျိုး​တော်၊ မ​ကြောက်​ကြ​နှင့်၊ငါ​သည်​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​မှ​စ​၍ယ​ခု​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​မှန် သ​မျှ​ကို ကြို​တင်​ကြေ​ညာ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ​ဖြစ် ကြ​ပါ​သည်​တ​ကား။ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​ရှိ​ပါ သ​နည်း။အ​ဘယ်​အ​ခါ​၌​မျှ​ငါ​မ​ကြား​ဘူး​သည့် တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင်​ရှိ​ပါ​သ​လော။

9. ရုပ်​တု​ဆင်း​တု​ပြု​လုပ်​သူ​အ​ပေါင်း​တို့​သည် တန်​ဖိုး​မဲ့​သူ​များ​ဖြစ်​၍ သူ​တို့​အ​မြတ်​တ​နိုး ထား​သည့်​ဘု​ရား​များ​သည်​လည်း​အ​သုံး​မ​ဝင် ကြ။ ထို​ဘု​ရား​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သော​သူ​တို့​သည်​မျက်​စိ​ကန်း​သူ​များ၊ အ​သိ ပ​ညာ​ကင်း​မဲ့​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။-

10. ဘု​ရား​အဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက် ရုပ်​တု​ကို​သွန်း​လုပ်​မှု​သည်​အ​ကျိုး​မ​ရှိ ပါ​တ​ကား။-

11. ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​မှန်​သ​မျှ သည် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရုပ်​တု​ဆင်း တု​များ​ကို​သွန်း​လုပ်​သူ​တို့​သည် သာ​မန်​လူ သား​များ​သာ​လျှင်​ဖြစ်​ပေ​သည်။ သူ​တို့​သည် ငါ​၏​ရှေ့​တော်​သို့​လာ​ရောက်​၍​အ​စစ်​အ​ဆေး ခံ​ကြ​ပါ​လေ​စေ။ သူ​တို့​သည်​ထိတ်​လန့် တုန်​လှုပ်​ကာ​အ​ရှက်​ကွဲ​ရ​ကြ​လိမ့်​မည်။

12. ပန်း​ပဲ​သ​မား​သည်​သံ​ကို​ယူ​ပြီး​လျှင်​မီး​တွင် ဖုတ်​၏။ ထို​နောက်​မိ​မိ​၏​သန်​မာ​သော​လက်​ရုံး ကို​လွှဲ​၍​သံ​တူ​နှင့်​ထု​ကာ​ပုံ​ဖော်​ပေး​၏။ သူ သည်​အ​စာ​ရေ​စာ​မွတ်​သိပ်​၍​မော​ပန်း​တတ် သူ​ဖြစ်​၏။

13. ပန်း​ပု​သ​မား​သည်​သစ်​သား​ကို​တိုင်း​တာ​ပြီး လျှင် ရုပ်​ပုံ​တစ်​ခု​ကို​မြေ​ဖြူ​နှင့်​ရေး​ဆွဲ​၍ မိ​မိ ၏​တန်​ဆာ​ပ​လာ​များ​ဖြင့်​ထု​လုပ်​တတ်​၏။ သူ သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင်​ထား​ရှိ ရန်​အ​တွက် လှ​ပ​သော​လူ​ရုပ်​တစ်​ခု​ကို​ထု လုပ်​လေ​သည်။-

14. သူ​သည်​မိ​မိ​အသုံး​ပြု​ရန်​အာ​ရဇ်​ပင်(သစ်​က​တိုး) ကို​ခုတ်​လှဲ​ရ​၏။ တော​မှ​ဝက်​သစ်​ချ​သား၊ သို့​မ ဟုတ်​ထင်း​ရှူး​သား​ကို​ရွေး​ချယ်​ရာ​၏။ ထို​သို့ မ​ဟုတ်​သေး​လျှင်​လည်း​သ​ပိတ်​ပင်​ကို​စိုက်​ပျိုး ကာ​အ​ပင်​ပေါက်​၍​ရင့်​သန်​လာ​စေ​ရန်​မိုး ကို​စောင့်​မျှော်​တတ်​၏။-

15. လူ​သည်​သစ်​ပင်​တစ်​ပိုင်း​ကို​ထင်း​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ အ​ခြား​တစ်​ပိုင်း​ကို​ရုပ်​တု​ထု လုပ်​ရန်​လည်း​ကောင်း​အ​သုံး​ပြု​တတ်​၏။ သစ် ပင်​တစ်​ပိုင်း​ဖြင့်​မီး​လှုံ​ရန်​နှင့်​မုန့်​ဖုတ်​ရန်​မီး ကို​မွှေး​၍​အ​ခြား​တစ်​ပိုင်း​ဖြင့် နတ်​ဘု​ရား ရုပ်​တု​လုပ်​ကာ​ဝတ်​ပြု​ကိုး​ကွယ်​တတ်​လေ သည်။-

16. သူ​သည်​သစ်​သား​အ​ချို့​ဖြင့်​မီး​ကို​မွှေး​ပြီး လျှင် အ​မဲ​သား​ကို​ကင်​၍​စား​ကာ​ရောင့်​ရဲ လျက်​နေ​တတ်​၏။ သူ​သည်​မီး​လှုံ​လျက်​နေ ရင်း``ယ​ခု​ငါ​သည်​ပူ​နွေး​၍​လာ​လေ​ပြီ။ ဤ​မီး​သည်​အ​လွန်​နှစ်​သက်​ဖွယ်​ကောင်း ပါ​သည်​တ​ကား'' ဟု​ဆို​တတ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 44