ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 44:22-28 Common Language Bible (BCL)

22. ငါ​သည်​သင်​တို့​၏​အ​ပြစ်​များ​ကို မိုး​တိမ်​သ​ဖွယ်လွင့်​စင်​သွား​စေ​ပြီ။ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သင်​တို့​ကို ကယ်​တင်​သူ​ကား​ငါ​ပင်​ဖြစ်​၏။''

23. အ​ချင်း​မိုး​ကောင်း​ကင်၊ ဝမ်း​မြောက်​ရွှင်​လန်း စွာ ကြွေး​ကြော်​ကြ​လော့။ကမ္ဘာ​မြေ​ကြီး​ရှိ​နက်​ရှိုင်း​ရာ​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။တောင်​များ​နှင့်​တော​မှ​သစ်​ပင်​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​၍၊ မိ​မိ​၏ ဘုန်း​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပြီ။

24. ``ငါ​သည်​သင်​တို့​ကိုဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကယ်​တင်​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ငါ​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​သည့် ထာ​ဝ​ရ​ဘု​ရား​တည်း။မိုး​ကောင်း​ကင်​ကို​ငါ​တစ်​ပါး​တည်း​ဖြန့်​ကြက်​ခဲ့​၏။ကမ္ဘာ​မြေ​ကြီး​ကို​ငါ​ဖန်​ဆင်း​သော​အ​ခါ အ​ဘယ်​သူ​မျှ​ငါ့​အား​မ​ကူ​ညီ​ခဲ့​ကြ။

25. ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။

26. သို့​ရာ​တွင်​ကြို​တင်​ဟော​ကြား​မှု​တစ်​စုံ​တစ်​ရာ​ကို ငါ​၏​အ​စေ​ခံ​ပြု​သော​အ​ခါ​၌​လည်း​ကောင်း၊ငါ​၏​အ​ကြံ​အ​စည်​တော်​များ​ကို​ဖော်​ပြ​ရန်တ​မန်​တော်​တစ်​ဦး​ဦး​ကို​ငါ​စေ​လွှတ် သော​အ​ခါ​၌​လည်း​ကောင်း၊ငါ​သည်​ထို​အ​ကြံ​အ​စည်​များ​နှင့်ကြို​တင်​ဟော​ကြား​မှု​တို့​ကို​အ​ကောင်​အ​ထည် ပေါ်​စေ​ပါ​၏။ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​တစ်​ဖန်​ပြန်​၍ နေ​ထိုင်​ကြ​လိမ့်​မည်။ယု​ဒ​မြို့​များ​ကို​ပြန်​လည်​ထူ​ထောင်​ကြ​လိမ့် မည်​ဟူ​၍ ထို​မြို့​အ​သီး​သီး​တို့​အား​ငါ​ပြော​ကြား​ပါ​၏။ထို​မြို့​တို့​သည်​ပြို​ပျက်​ရာ​မှ​ပြန်​လည်​စည်​ကား တိုး​တက်​၍​လာ​လိမ့်​မည်။

27. ငါ​သည်​အ​မိန့်​ပေး​၍​သ​မုဒ္ဒ​ရာ​ကို​ခန်း​ခြောက် စေ​၏။

28. ကု​ရု​ဘု​ရင်​အား​လည်း`သင်​သည်​ငါ​၏​ကိုယ် စား အုပ်​စိုး​ရ​မည့်​သူ​ဖြစ်​၏။သင်​သည်​ငါ​အ​လို​ရှိ​သည့်​အ​မှု​တို့​ကို​ပြု​ရ​မည်။ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​တည်​ထောင်​ရန်​နှင့် ဗိ​မာန်​တော်​အုတ်​မြစ်​များ​ကို​ချ​ရန်အ​မိန့်​ပေး​ရ​မည်​ဟု​ငါ​ဆို​၏' '' ဟူ​၍ မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 44