9. အို ယေရုရှလင်မြို့၊မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။အို ဇိအုန်တောင်၊အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ယုဒမြို့များအားသူတို့၏ဘုရားသခင်ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
10. ထာဝရအရှင်ဘုရားသခင်သည်မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
11. ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာသူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
12. သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။
13. ထာဝရဘုရားအားအဘယ်သို့ပြုရမည် ဟု ပြောဆိုနိုင်သူရှိပါသလော။အဘယ်သူသည်ကိုယ်တော်အားသွန်သင် နိုင်ပါသနည်း။သို့တည်းမဟုတ်အကြံဉာဏ်ပေးနိုင် ပါသနည်း။
14. ဤမည်သောအမှုတို့ကိုအဘယ်သို့ပြုရ မည်ကို သိနိုင်ရန်အသိပညာနှင့်ဉာဏ်ပညာများကိုရရှိ နိုင်ရန် ကိုယ်တော်သည်အဘယ်သူနှင့်တိုင်ပင်တော်မူပါသနည်း။
15. ထာဝရဘုရား၏ရှေ့တော်၌လူမျိုးတကာ တို့သည် ဘာမျှမဟုတ်ပါ။သူတို့သည်ရေစက်တစ်စက်ကဲ့သို့သာ ဖြစ်ပေသည်။ရပ်ဝေးရှိကျွန်းတို့သည်လည်းမြူမှုန်တမျှ သာလျှင် အလေးချိန်စီးကြ၏။
16. လေဗနုန်တောတွင်ရှိသမျှသောတိရစ္ဆာန်တို့ သည်ငါတို့ဘုရားသခင်အားယဇ်ပူဇော်ရန်အတွက် မလုံလောက်။ထိုတောမှသစ်ပင်တို့သည်လည်းမီးမွှေးရန်အတွက် မလုံလောက်။
17. လူမျိုးတကာတို့သည်ကိုယ်တော်၏ရှေ့တော်၌ အချည်းနှီးသာဖြစ်ကြ၏။
18. ဘုရားသခင်အားအဘယ်သူနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။ကိုယ်တော်၏ပုံသဏ္ဌာန်တော်ကိုသင်တို့ အဘယ်သို့ဖော်ပြနိုင်ပါမည်နည်း။