ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 40:5-21 Common Language Bible (BCL)

5. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ တော်​သည် ပေါ်​လွင်​ထင်​ရှား​လာ​မည်​ဖြစ်​၍၊လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ထို​ဘုန်း အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရကြ​လိမ့်​မည်။ယင်း​သို့​ဖြစ်​ပျက်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရားကိုယ်​တော်​တိုင်​က​တိ​ပြု​တော်​မူ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​သည်။

6. ထို​အ​သံ​က``ကြွေး​ကြော်​လော့'' ဟု​ဆို​သ​ဖြင့်``အ​ဘယ်​အ​ရာ​ကို​ကြွေး​ကြော်​ရ​ပါ​မည်​နည်း'' ဟု​ငါ​မေး​လျှင်``လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​တူ ကြောင်း​နှင့်တော​ပန်း​များ​ကဲ့​သို့​တာ​ရှည်​မ​ခံ​ကြောင်း​ကို ကြွေး​ကြော်​လော့။

7. ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သည့်​လေ​နှင့် ထိ​သော​အ​ခါ၊မြက်​ပင်​သည်​သွေ့​ခြောက်​လျက်​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​၍​သွား​တတ်​၏။လူ​တို့​သည်​မြက်​ပင်​တ​မျှ​သာ​လျှင် သန်​မာ​ကြ​ပါ​သည်​တ​ကား။

8. မြက်​ပင်​သည်​အ​မှန်​ပင်​ခြောက်​သွေ့​လျက် ပန်း​များ​သည်​လည်း​အ​မှန်​ပင်​ညှိုး​နွမ်း​တတ်​၏။သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျောက်​မ​ပျက်​တတ်'' ဟု ဆို​၏။

9. အို ယေ​ရု​ရှ​လင်​မြို့၊မြင့်​သော​တောင်​ပေါ်​သို့​တက်​၍၊ သ​တင်း​ကောင်း​ကို​ကြေ​ညာ​လော့။အို ဇိ​အုန်​တောင်၊အ​သံ​ကျယ်​စွာ​ဟစ်​၍​သ​တင်း​ကောင်း​ကို ကြေ​ညာ​လော့။မ​ကြောက်​နှင့်၊ ပွင့်​လင်း​စွာ​ပြော​ကြား​လော့။ယု​ဒ​မြို့​များ​အား​သူ​တို့​၏​ဘု​ရား​သ​ခင်ကြွ​လာ​စေ​တော်​မူ​မည့်​အ​ကြောင်း​ကို​ပြော​ကြား​လော့။

10. ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်မိ​မိ​ကယ်​တင်​ထား​တော်​မူ​သည့် လူ​တို့​ကို​ခေါ်​၍တန်​ခိုး​တော်​နှင့်​အုပ်​စိုး​ရန်​ကြွ​လာ တော်​မူ​လိမ့်​မည်။

11. ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာသူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

12. သ​မုဒ္ဒ​ရာ​ရေ​ကို​လက်​ခုပ်​ဖြင့်​ချင်​တွယ်​နိုင်​သူ၊သို့​တည်း​မ​ဟုတ်၊မိုး​ကောင်း​ကင်​ကို​လက်​နှင့်​ထွာ​၍ တိုင်း​တာ​နိုင်​သူ​ရှိ​ပါ​သ​လော။မြေ​ဆီ​လွှာ​ရှိ​သ​မျှ​ကို​ခွက်​ဖ​လား​တွင်​ထည့် ထား​နိုင်​သူ၊သို့​တည်း​မ​ဟုတ်​တောင်​ကြီး​တောင်​ငယ်​တို့​ကို ချိန်​ခွင်​နှင့်​ချိန်​စက်​နိုင်​သူ​ရှိ​ပါ​သ​လော။

13. ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ်​သို့​ပြု​ရ​မည် ဟု ပြော​ဆို​နိုင်​သူ​ရှိ​ပါ​သ​လော။အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​သွန်​သင် နိုင်​ပါ​သ​နည်း။သို့​တည်း​မ​ဟုတ်​အ​ကြံ​ဉာဏ်​ပေး​နိုင် ပါ​သ​နည်း။

14. ဤ​မည်​သော​အ​မှု​တို့​ကို​အ​ဘယ်​သို့​ပြု​ရ မည်​ကို သိ​နိုင်​ရန်အ​သိ​ပ​ညာ​နှင့်​ဉာဏ်​ပ​ညာ​များ​ကို​ရ​ရှိ နိုင်​ရန် ကိုယ်​တော်​သည်အ​ဘယ်​သူ​နှင့်​တိုင်​ပင်​တော်​မူ​ပါ​သ​နည်း။

15. ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​လူ​မျိုး​တ​ကာ တို့​သည် ဘာ​မျှ​မ​ဟုတ်​ပါ။သူ​တို့​သည်​ရေ​စက်​တစ်​စက်​ကဲ့​သို့​သာ ဖြစ်​ပေ​သည်။ရပ်​ဝေး​ရှိ​ကျွန်း​တို့​သည်​လည်း​မြူ​မှုန်​တ​မျှ သာ​လျှင် အ​လေး​ချိန်​စီး​ကြ​၏။

16. လေ​ဗ​နုန်​တော​တွင်​ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့ သည်ငါ​တို့​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မ​လုံ​လောက်။ထို​တော​မှ​သစ်​ပင်​တို့​သည်​လည်း​မီး​မွှေး​ရန်​အ​တွက် မ​လုံ​လောက်။

17. လူ​မျိုး​တ​ကာ​တို့​သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌ အ​ချည်း​နှီး​သာ​ဖြစ်​ကြ​၏။

18. ဘု​ရား​သ​ခင်​အား​အ​ဘယ်​သူ​နှင့် နှိုင်း​ယှဉ်​နိုင်​ပါ​မည်​နည်း။ကိုယ်​တော်​၏​ပုံ​သဏ္ဌာန်​တော်​ကို​သင်​တို့ အ​ဘယ်​သို့​ဖော်​ပြ​နိုင်​ပါ​မည်​နည်း။

19. ကိုယ်​တော်​သည်​အ​တတ်​ပ​ညာ​သည်​များ​သွန်း လုပ်​၍၊ပန်း​ထိမ်​ဆ​ရာ​တို့​ရွှေ​ဖြင့်​မွမ်း​မံ​ကာ၊ငွေ အ​ခြေ​ခံ​တွင် တပ်​ဆင်​ထား​သည့်​ရုပ်​တု​နှင့်​မ​တူ။

20. ငွေ၊ရွှေ၊မ​တတ်​နိုင်​သူ​သည်​မ​ဆွေး​မြေ့​နိုင်​သည့် သစ်​သား​ကို​ရွေး​ချယ်​တတ်​၏။သူ​သည်​မြဲ​မြံ​စွာ​ရပ်​တည်​နိုင်​သည့်ရုပ်​တု​ကို​ပြု​လုပ်​ရန်​ကျွမ်း​ကျင်​သူ​ပန်း​ပု ဆ​ရာ​ကို ရှာ​တတ်​၏။

21. ကမ္ဘာ​မြေ​ကြီး​အ​ဘယ်​သို့​ဖြစ်​ပေါ်​လာ​သည် အ​ကြောင်း​ကို​သင်​တို့​မ​ကြား​ဘူး​ကြ​ပါ​သ​လော။ရှေး​မ​ဆွ​က​ပင်​လျှင်​သင်​တို့​အား​ဖော်​ပြ​ခဲ့​သူ မ​ရှိ​ပါ​သ​လော။သင်​တို့​မ​ကြား​ဘူး​ကြ​မ​သိ​ကြ​ပါ​သ​လော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 40