ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 40:21-31 Common Language Bible (BCL)

21. ကမ္ဘာ​မြေ​ကြီး​အ​ဘယ်​သို့​ဖြစ်​ပေါ်​လာ​သည် အ​ကြောင်း​ကို​သင်​တို့​မ​ကြား​ဘူး​ကြ​ပါ​သ​လော။ရှေး​မ​ဆွ​က​ပင်​လျှင်​သင်​တို့​အား​ဖော်​ပြ​ခဲ့​သူ မ​ရှိ​ပါ​သ​လော။သင်​တို့​မ​ကြား​ဘူး​ကြ​မ​သိ​ကြ​ပါ​သ​လော။

22. ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကားမြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သောပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကားပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။

23. ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ဘု​ရင်​တို့​ကို ဖြုတ်​ချ​တော်​မူ​၍၊ထို​သူ​တို့​ကို​မ​ရေ​ရာ​သော​သူ​များ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။

24. သူ​တို့​သည်​စိုက်​ပျိုး​၍​အ​မြစ်​စွဲ​ကာ​စ အ​ပင်​ငယ်​များ​နှင့်​တူ​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ကို​တိုက်​စေ​တော်​မူ သော​အ​ခါ၊ထို​အ​ပင်​တို့​သည်​ခြောက်​သွေ့​၍​ဖွဲ​သ​ဖွယ် လွင့်​ပါ​သွား​ကုန်​၏။

25. မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​နှင့်​နှိုင်း​ယှဉ်​နိုင်​ပါ​မည်​နည်း။ကိုယ်​တော်​နှင့်​တူ​သော​သူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​သ​လော။

26. မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကြ​လော့။သင်​တို့​မြင်​ရ​သည့်​ကြယ်​များ​ကို​အ​ဘယ်​သူ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း။ယင်း​တို့​အား​စစ်​သည်​ဗိုလ်​ခြေ​သ​ဖွယ်ထုတ်​ဆောင်​လာ​တော်​မူ​သော​အ​ရှင်​ပင် ဖြစ်​ပေ​သည်။ကိုယ်​တော်​သည်​ကြယ်​များ​ကို​ရေ​တွက်ထား​တော်​မူ​ပြီး​လျှင်​နာ​မည်​တပ်​၍ ခေါ်​တော်​မူ​ပါ​သည်​တ​ကား။ကိုယ်​တော်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ​သ​ဖြင့်ထို​ကြယ်​တို့​သည်​တစ်​လုံး​တစ်​လေ​မျှ ပျောက်​ပျက်​သည့်​အ​ခါ​ဟူ​၍​မ​ရှိ။

27. အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ဖြစ်​ပါ​မူထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဆင်း​ရဲ​ဒုက္ခ များ​ကို သိ​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်းသင်​တို့​၏​အ​မှု​ကိစ္စ​များ​အ​ဆင်​ပြေ​ရေး​အ​တွက် စိတ်​ဝင်​စား​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်းအ​ဘယ်​ကြောင့်​သင်​တို့​သည် ညည်း​ညူ​ကြ​ပါ​သ​နည်း။

28. ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက်တည်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကိုသင်​တို့​မ​သိ​ကြ​ပါ​သ​လော။ မ​ကြား​ဘူး​ကြ​ပါ​သ​လော။ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မော​ပန်း နွမ်း​လျ​တော်​မ​မူ​ပါ။အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော် တို့​ကို နား​မ​လည်​နိုင်​ပါ။

29. ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။

30. အ​သက်​အ​ရွယ်​ငယ်​သူ​များ​ပင်​လျှင် နွမ်း​လျ​မော​ပန်း​တတ်​ကြ​၏။လူ​ငယ်​လူ​ရွယ်​များ​သည်​အား​အင်​ကုန်​ခန်း​၍ လဲ​ကျ​ကြ​လေ​သည်။

31. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကိုယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 40