ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 38:3-13 Common Language Bible (BCL)

3. ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့် ကိုး​ကွယ်​ဝတ်​ပြု​လျက် ကိုယ်​တော်​ပြု​စေ​လို သည့်​အ​တိုင်း​ကြိုး​စား​ပြု​ကျင့်​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​တော်​မူ​၏။

4. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ အား၊-

5. ဟေ​ဇ​ကိ​ထံ​သို့​ပြန်​လည်​စေ​လွှတ်​တော်​မူ ကာ``သင်​၏​ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည် များ​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည်​သင့်​အား နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ်​အ​သက်​ရှင်​စေ မည်။-

6. ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု​ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက်​မှ​ကယ်​ဆယ်​မည်။ ဤ​မြို့​ကို​ဆက်​လက်​၍​ကာ​ကွယ်​စောင့်​ရှောက် မည်​ဟု​ဟေ​ဇ​ကိ​မင်း​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

7. ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​ပါ​လိမ့်​မည်။-

8. ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခပ်​မင်း​စိုက်​ထူ ထား​သည့်​နေ​နာ​ရီ​တွင် အ​ရိပ်​ကို​နောက်​သို့ ဆယ်​ဒီ​ဂ​ရီ​ဆုတ်​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ဆို​သည့်​အ​တိုင်း အ​ရိပ်​သည်​ဆယ်​ဒီ​ဂ​ရီ​ဆုတ်​လေ​၏။

9. ဟေ​ဇ​ကိ​သည် ပြန်​လည်​ကျန်း​မာ​လာ​ပြီး နောက် အောက်​ပါ​ချီး​မွမ်း​သီ​ချင်း​ကို​ရေး​စပ် စီ​ကုံး​တော်​မူ​၏။

10. ငါ​သည်​သက်​တမ်း​စေ့​နေ​ရ​တော့​မည်​မ​ဟုတ်။အ​ရွယ်​ကောင်း​ချိန်​၌​ပင်​မ​ရ​ဏ​နိုင်​ငံ​သို့ သွား​ရ​တော့​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​ပါ​၏။

11. ဤ​သက်​ရှိ​လော​က​၌​ငါ​သည်ထာ​ဝ​ရ​ဘု​ရား​အား​လည်း​ကောင်း​သက်​ရှိ လူ​သတ္တ​ဝါ​တို့​အား​လည်း​ကောင်း၊နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​တွေ့ မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။

12. ဖြို​ဖျက်​၍​ချ​လိုက်​သည့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ယက်​ကန်း​စင်​မှ​ဖြတ်​၍​ထုတ်​လိုက်​သည့် အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း၊ငါ​၏​အ​သက်​တာ​သည်​ဖြတ်​၍ ကုန်​ဆုံး​သွား​လေ​ပြီ။

13. ငါ​၏​အ​ရိုး​များ​ကို​ခြင်္သေ့​ဝါး​၍​နေ​ဘိ ကဲ့​သို့ငါ​သည်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​တစ်​ညဥ့်​လုံး ငို​ကြွေး​ရ​ပါ​၏။ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​သက်​ကို ကုန်​ဆုံး​စေ​တော်​မူ​ပြီ​ဟု​ငါ​ထင်​မှတ် ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 38