ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 37:21-28 Common Language Bible (BCL)

21. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ ဖြစ်​ကြောင်း ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း ထံ​သို့​ပေး​ပို့​ရာ​တွင်-

22. ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​သ​နာ​ခ​ရိပ်၊ ယေ​ရု ရှ​လင်​မြို့​သည်​သင့်​ကို​ကြည့်​၍​ပြုံး​ကာ​ပြက် ရယ်​ပြု​လေ​ပြီ။-

23. သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ဟု​ထင်​မှတ်​ပါ​သ​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သော​ငါ​ဘု​ရား​အား​မ​လေး​မ​ခန့်​ပြု​၍ နေ​ပါ​သည်​တ​ကား။-

24. သင်​သည်​မိ​မိ​၏​စစ်​ရ​ထား​အ​ပေါင်း​ဖြင့် အ​မြင့်​ဆုံး​တောင်​များ​ကို​လည်း​ကောင်း၊ လေ ဗ​နုန်​တောင်​ထိပ်​များ​ကို​ပင်​လည်း​ကောင်း​နှိမ် နင်း​အောင်​မြင်​ခဲ့​ကြောင်း ငါ့​အား​ကြွား​ဝါ​ရန် သံ​တ​မန်​များ​ကို​စေ​လွှတ်​ခဲ့​၏။ ထို​အ​ရပ် ရှိ​အ​မြင့်​ဆုံး​အာ​ရဇ်​ပင်​များ​နှင့်​အ​လှ​ဆုံး ထင်း​ရှူး​ပင်​များ​ကို​ခုတ်​လှဲ​ကာ၊ တော​နက် ကြီး​များ​သို့​ရောက်​ရှိ​ခဲ့​ကြောင်း​ကြွား​ဝါ ခဲ့​၏။-

25. သင်​သည်​ရေ​တွင်း​များ​ကို​တူး​၍​တိုင်း​တစ်​ပါး မှ​ရေ​ကို​သောက်​ခဲ့​သည်​ဟူ​၍​လည်း​ကောင်း၊ သင့် တပ်​မ​တော်​သား​တို့​သည်​ခြေ​ဖြင့်​နင်း​၍​နိုင်း မြစ်​ရေ​ကို​ခန်း​ခြောက်​စေ​ခဲ့​သည်​ဟူ​၍​လည်း ကောင်း​ကြွား​ဝါ​ခဲ့​၏။

26. ``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခန့်​ခွဲ​ထား​ခဲ့​ကြောင်း​သင်​အ​ဘယ် ၌​မျှ​မ​ကြား​ဘူး​ပါ​သ​လော။ ယ​ခု​ထို​အ​မှု အ​ရာ​တို့​ကို​ငါ​ဖြစ်​ပွား​စေ​လေ​ပြီ။ ခံ​တပ် မြို့​များ​ကို​အ​မှိုက်​ပုံ​အ​ဖြစ်​သို့​ပြောင်း​လဲ ပစ်​နိုင်​သော​တန်​ခိုး​ကို​သင့်​အား​ငါ​ပေး​အပ် ခဲ့​၏။-

27. ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​အ​ဘယ် သို့​မျှ​မ​တတ်​နိုင်။ ကြောက်​လန့်​လျက်​ကြက်​သေ သေ​၍​နေ​ကြ​၏။ သူ​တို့​သည်​အ​ရှေ့​လေ​ပူ တိုက်​၍​ညှိုး​နွမ်း​သွား​သည့်​လယ်​မြက်​များ၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့်​တူ ကြ​၏။''

28. ``သို့​ရာ​တွင်​သင်​၏​အ​ကြောင်း​ကို​အ​ကုန် အ​စင်​ငါ​သိ​၏။ သင်​အ​ဘယ်​အ​မှု​ကို​ပြု ၍​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​လည်း ကောင်း၊ ငါ့​အား​အ​ဘယ်​မျှ​အ​မျက်​ထွက် လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ​သိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 37