ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 37:1-12 Common Language Bible (BCL)

1. ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ခြင်း၊ ဟေ​ဇ​ကိ​မင်း​သည်​ဝမ်း​နည်း​ပူ ဆွေး​လျက် မိ​မိ​၏​အ​ဝတ်​များ​ဆုတ်​ဖြဲ​ပြီး လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား ၏​ဗိ​မာန်​တော်​သို့​သွား​တော်​မူ​၏။-

2. မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး သူ​ယဇ်​ပု​ရော​ဟိတ်​များ​ကို​အာ​မုတ်​၏​သား ဟေ​ရှာ​ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ တို့​သည်​လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား ကြ​၏။-

3. မင်း​ကြီး​က``ယ​နေ့​သည်​ဒုက္ခ​ရောက်​ရာ​နေ့ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အပြစ်​ဒဏ်​ကို ခံ​ရ​၍​အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ချိန်​ရောက်​သော်​လည်း ခွန်​အား​မ​ရှိ​သ​ဖြင့် သား​မ​ဖွား​နိုင်​သည့် အ​မျိုး​သ​မီး​နှင့်​တူ​ပါ​၏။-

4. အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​၏​ဗိုလ်​ချုပ်​ကို စေ​လွှတ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​စော်​ကား​သည့်​စ​ကား​များ​ကို ပြော​ဆို​စေ​ပါ​၏။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​စ​ကား​တို့​ကို ကြား​တော်​မူ​၍ ယင်း​သို့​ပြော​ဆို​သူ​တို့ အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ​သော၊ သင်​သည်​လည်း​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သေး​သူ​အ​ကျွန်ုပ်​တို့​လူ​စု​အ​တွက် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​ပါ​လော့'' ဟု​အ​မှာ​စာ​ရေး​၍ ဟေ​ရှာ​ယ​ထံ​ပေး​ပို့​လိုက်​၏။

5. ဟေ​ဇ​ကိ​မင်း​၏​အ​မှာ​စာ​ကို​ရ​ရှိ​သော အ​ခါ၊-

6. ဟေ​ရှာ​ယ​သည်``ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​စော်​ကား ပြော​ဆို​သည့်​စ​ကား​များ​အ​တွက် စိတ် အ​နှောင့်​အ​ယှက်​မ​ဖြစ်​ရန်​သင့်​အား​မိန့် မှာ​တော်​မူ​ပါ​၏။-

7. ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​က​ရာဇ်​မင်း​အား မိ​မိ​၏​ပြည်​သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တစ် ရာ​ကို​ကြား​သိ​စေ​တော်​မူ​လိမ့်​မည်။ ထို​နောက် သူ့​ကို​ထို​ပြည်​၌​ပင်​အ​ဆုံး​စီ​ရင်​တော်​မူ ပေ​အံ့'' ဟု​ပြန်​ကြား​လိုက်​၏။

8. ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက် ခွာ​ပြီး​လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို တိုက်​ခိုက်​လျက်​ရှိ​ကြောင်း​ကြား​သိ​သော အ​ခါ၊ အာ​ရှု​ရိ​ဗိုလ်​ချုပ်​သည်​မင်း​ကြီး​နှင့် ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ သည်။-

9. ထို​အ​ခါ​ဆူ​ဒန်​ဘု​ရင်​တိ​ရက္က​ဦး​စီး​ခေါင်း ဆောင်​သည့်​အီ​ဂျစ်​တပ်​မ​တော်​သည် မိ​မိ​တို့ အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြောင်း​အာ ရှု​ရိ​အ​မျိုး​သား​တို့​သ​တင်း​ရ​ရှိ​ကြ​၏။-

10. ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ် မင်း​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​သ​ဝဏ် လွှာ​တစ်​စောင်​ရေး​၍​ပေး​ပို့​လိုက်​လေ​သည်။ ထို သ​ဝဏ်​လွှာ​တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​သ​ခင်​က သင်​သည်​ငါ​၏​လက်​တွင်း​သို့​ကျ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​သော စ​ကား​ကြောင့်​အ​ထင်​အ​မြင်​မ​မှား​ပါ လေ​နှင့်။-

11. အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​ဖျက်​ဆီး​ပစ် ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ် သို့​ပြု​တော်​မူ​တတ်​သည်​ကို​သင်​ကြား​သိ ရ​ပြီး​ဖြစ်​ပါ​၏။ သင်​ကိုယ်​တိုင်​ပင်​လျှင်​ငါ ၏​လက်​မှ​လွတ်​မြောက်​နိုင်​လိမ့်​မည်​ဟု​မ ထင်​မှတ်​ပါ​နှင့်။-

12. ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန်​မြို့ နှင့်​ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပစ်​ပြီး​လျှင် တေ​လ​ဇာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင် အ​မျိုး​သား​တို့​အား​သုတ်​သင်​ပစ်​ခဲ့​ကြ​၏။ သူ​တို့​၏​ဘု​ရား​များ​အ​နက်​အ​ဘယ်​မည် သော​ဘု​ရား​မျှ​သူ​တို့​ကို​မ​ကယ်​နိုင်​ကြ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 37