ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 34:8-16 Common Language Bible (BCL)

8. ဤ​အ​ချိန်​အ​ခါ​ကား​ဇိ​အုန်​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​ကယ်​ဆယ်​တော်​မူ​၍ ထို​မြို့​၏​ရန်​သူ တို့​အား​လက်​စား​ချေ​တော်​မူ​မည့်​အ​ခါ ပင်​ဖြစ်​သ​တည်း။

9. ဧ​ဒုံ​ပြည်​မှ​မြစ်​တို့​သည်​ကတ္တ​ရာ​စေး အ​ဖြစ်​သို့​လည်း​ကောင်း၊ မြေ​ဆီ​လွှာ​သည် ကန့်​အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​သွား လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​ကတ္တ​ရာ စေး​ကဲ့​သို့​မီး​စွဲ​လောင်​၍​နေ​လိမ့်​မည်။-

10. ယင်း​သည်​နေ့​ရော​ညဥ့်​ပါ​မီး​လောင်​လျက်​မီး ခိုး​များ​ထာ​ဝ​စဉ်​တက်​၍​နေ​လိမ့်​မည်။ ထို ပြည်​သည်​လူ​မျိုး​စဉ်​ဆက်​အ​ဟော​သိ​ကံ ဖြစ်​၍​နေ​လိမ့်​မည်။ ထို​ပြည်​ကို​နောင်​အ​ဘယ် အ​ခါ​၌​မျှ​ဖြတ်​သန်း​သွား​လာ​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-

11. ထို​ပြည်​သည်​ဇီး​ကွက်​များ​နှင့်​ကျီး​အ​တို့ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ကို​ဖန်​ဆင်း တော်​မ​မူ​မီ​အ​ခါ​က​ကဲ့​သို့​ပင် ထာ​ဝ​ရ ဘု​ရား​သည်​ထို​ပြည်​ကို​လွတ်​လပ်​လ​ဟာ ပြင်​ကြီး​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-

12. တိုင်း​ပြည်​ကို​စိုး​မိုး​အုပ်​ချုပ်​သည့်​ဘု​ရင်​နှင့် ပြည်​သူ့​ခေါင်း​ဆောင်​အ​ပေါင်း​တို့​သည်​လည်း ရှိ​ကြ​တော့​မည်​မ​ဟုတ်။-

13. နန်း​တော်​အ​ဆောက်​အ​ဦ​များ​နှင့်​တံ​တိုင်း ကာ​ရံ​ထား​သည့်​မြို့​အ​ပေါင်း​တို့​တွင် ဆူး ပင်​အ​မျိုး​မျိုး​ပေါက်​လျက် ခွေး​အ​များ​နှင့် ဇီး​ကွက်​များ​ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။-

14. ထို​အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လှည့်​လည် သွား​လာ​လျက် မ​ကောင်း​ဆိုး​ရွား​တို့​သည်​လည်း အ​ချင်း​ချင်း​အော်​မြည်​လျက်​နေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​ည​သတ္တ​ဝါ​ကြီး​သည်​လည်း ထို​အ​ရပ်​သို့​လာ​၍​နား​ရန်​နေ​ရာ​ကို​ရှာ လိမ့်​မည်။-

15. ဇီး​ကွက်​တို့​သည်​အ​သိုက်​များ​လုပ်​လျက်​ဥ များ​ကို​ဥ​ပြီး​နောက် ဝပ်​၍​သား​ငယ်​တို့​ကို စောင့်​ရှောက်​ကာ​နေ​လိမ့်​မည်။ လင်း​တ​များ သည်​လည်း​တစ်​ကောင်​ပြီး​တစ်​ကောင်​လာ ရောက်​စု​ရုံး​ကြ​လိမ့်​မည်။

16. သက်​ရှိ​သတ္တ​ဝါ​များ​အ​ကြောင်း​ဖော်​ပြ​ပါ ရှိ​သည့် ထာ​ဝ​ရ​ဘု​ရား​၏​စာ​စောင်​တော်​တွင် ရှာ​၍​ဖတ်​ကြည့်​ကြ​လော့။ ထို​သတ္တ​ဝါ​တစ် ကောင်​မျှ​ပျောက်​ဆုံး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ် သတ္တ​ဝါ​မျှ​လည်း​ကြင်​ဖော်​မဲ့​ဖြစ်​ရ​လိမ့် မည်​မ​ဟုတ်။ ဤ​နည်း​အ​တိုင်း​ဖြစ်​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​ခဲ့​လေ ပြီ။ ကိုယ်​တော်​သည်​သူ​တို့​အား​စု​ဝေး​စေ တော်​မူ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 34