ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 34:1-7 Common Language Bible (BCL)

1. အို လူ​မျိုး​အ​ပေါင်း​တို့​လာ​ကြ​လော့။ လာ ရောက်​စု​ဝေး​၍​နား​ထောင်​ကြ​လော့။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​နေ​ထိုင်​သ​မျှ​သော​လူ​တို့​သည် ဤ​အ​ရပ်​သို့​လာ​၍​နား​ထောင်​ကြ​ရာ​၏။-

2. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား လည်း​ကောင်း၊ သူ​တို့​၏​စစ်​တပ်​အ​ပေါင်း​အား လည်း​ကောင်း၊ အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပျက်​စီး​စေ​ရန်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ လေ​ပြီ။-

3. သူ​တို့​၏​အ​လောင်း​များ​သည်​မြှုပ်​နှံ​ခြင်း​ကို မ​ခံ​ရ​ဘဲ မြေ​ပေါ်​တွင်​လဲ​လျက်​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ တောင်​တို့​သည်​လည်း​သွေး​များ ဖြင့်​နီ​ရဲ​လျက်​နေ​လိမ့်​မည်။-

4. နေ​လ​နက္ခတ်​တို့​သည်​မြေ​သို့​ကြွေ​ကျ​လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လိပ်​၍​တင်​လိုက်​သည့်​စာ လိပ်​သ​ဖွယ်​ပျောက်​ကွယ်​သွား​ကာ ကြယ်​တို့ သည်​စ​ပျစ်​ပင်​သို့​မ​ဟုတ်​သင်္ဘော​သ​ဖန်း​ပင် မှ​အ​ရွက်​ကြွေ​သ​ကဲ့​သို့​ကြွေ​ကျ​ကြ​လိမ့် မည်။

5. ထာ​ဝ​ရ​ဘု​ရား​သည်​ဋ္ဌား​တော်​ကို​ကောင်း​ကင် ဘုံ​တွင် အ​သင့်​ပြင်​ဆင်​တော်​မူ​ပြီး​မှ​ဆုံး​ပါး ပျက်​စီး​ရန် အ​ပြစ်​ဒဏ်​စီ​ရင်​ထား​တော်​မူ သော​ဧ​ဒုံ​ပြည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် စေ​တော်​မူ​လိမ့်​မည်။-

6. ကိုယ်​တော်​၏​ဋ္ဌား​တော်​သည်​ယဇ်​ပူ​ဇော်​ရာ သိုး​ဆိတ်​တို့​၏​အ​သွေး​အ​ဆီ​ဖြင့်​ဝ​လျက် နေ​သ​ကဲ့​သို့ ထို​သူ​တို့​၏​အ​သွေး​အ​ဆီ​များ နှင့်​ဝ​လျက်​နေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​ဤ​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဗော​ဇ​ရ​မြို့​တွင် ကျင်း​ပ​တော်​မူ​လိမ့်​မည်။ ဤ​လူ​သတ်​ပွဲ ကြီး​ကို​ဧ​ဒုံ​ပြည်​တွင်​ဖြစ်​ပွား​စေ​တော် မူ​လိမ့်​မည်။-

7. ပြည်​သူ​တို့​သည်​နွား​ရိုင်း​များ၊ နွား​သိုး​ပျို များ​ကဲ့​သို့​လဲ​ကျ​ကြ​လိမ့်​မည်။ မြေ​ကြီး သည်​လည်း​သွေး​များ​ဖြင့်​နီ​၍​လည်း​ကောင်း၊ အ​ဆီ​များ​ဖြင့်​အီ​၍​လည်း​ကောင်း​နေ​လိမ့် မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 34