ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 30:9-29 Common Language Bible (BCL)

9. သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​အ​မြဲ​တ​စေ ပုန်​ကန်​လျက်၊ အ​မြဲ​တ​စေ​လိမ်​လည်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​နာ​ယူ ရန်​အ​မြဲ​တ​စေ​ငြင်း​ဆန်​လျက်​နေ​ကြ​၏။-

10. ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-

11. ငါ​တို့​လမ်း​မှ​ဖယ်​ကြ​လော့။ ငါ​တို့​လမ်း​ကို မ​ပိတ်​ကြ​နှင့်။ သင်​တို့​ကိုး​ကွယ်​သော​သန့်​ရှင်း မြင့်​မြတ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​ငါ​တို့ မ​ကြား​လို'' ဟု​ဆို​ကြ​၏။

12. သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဘု​ရား​သ​ခင်​က``သင် တို့​သည်​ငါ့​စ​ကား​ကို​အ​ရေး​မ​စိုက်​ဘဲ အ​ကြမ်း​ဖက်​မှု​နှင့်​လိမ်​လည်​မှု​ကို​သာ အား​ကိုး​ကြ​၏။-

13. သင်​တို့​သည်​အပြစ်​ဒဏ်​ခံ​ထိုက်​သူ​များ​သာ တည်း။ သင်​တို့​သည်​တောက်​လျှောက်​ကွဲ​အက် လျက်​နေ​သော အုတ်​တံ​တိုင်း​မြင့်​ကြီး​ကဲ့​သို့ ရုတ်​တ​ရက်​လဲ​ပြို​ပျက်​စီး​ကြ​လိမ့်​မည်။-

14. အိုး​ခြမ်း​ကွဲ​ဖြင့်​မီး​ခဲ​များ​ကို​ကောက်​ယူ​ရန် သော်​လည်း​ကောင်း၊ စည်​တွင်​နှစ်​၍​ရေ​ကို​ခပ်​ယူ ရန်​သော်​လည်း​ကောင်း၊ မ​ဖြစ်​နိုင်​အောင်​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ကွဲ​သွား​သော​မြေ​အိုး​နှင့်​တူ ကြ​လိမ့်​မည်။

15. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့် မြတ်​သည့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား``သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကာ​တည်​ငြိမ်​စွာ ငါ့​အား​ယုံ​ကြည်​ကိုး​စား​၍ နေ​ကြ​လော့။ သို့​ပြု​လျှင်​သင်​တို့​သည်​ခွန်​အား စွမ်း​ရည်​ကို​ရ​၍​ကယ်​တင်​ခြင်း​ကို​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​ကြ။-

16. ယင်း​သို့​နား​ထောင်​မည့်​အ​စား၊ လျင်​မြန်​သည့် မြင်း​များ​ကို​စီး​၍ ရန်​သူ​တို့​ထံ​မှ​ထွက်​ပြေး ရန်​ကြံ​စည်​ကြ​လေ​သည်။ သင်​တို့​၏​အ​ကြံ အ​စည်​မှာ​မ​ဆိုး​လှ။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​အ​မှန်​ပင်​ထွက်​ပြေး​ရ​ကြ​လိမ့် မည်​ဖြစ်​သော​ကြောင့်​တည်း။ သင်​တို့​သည်​မိ​မိ တို့​မြင်း​များ​ကို​လျင်​မြန်​လှ​ပြီ​ဟု​ထင်​မှတ် ကြ​သော်​လည်း သင်​တို့​အား​လိုက်​လံ​ဖမ်း​ဆီး သူ​တို့​၏​မြင်း​များ​က​ပို​၍​ပင်​လျင်မြန်​ကြ လိမ့်​မည်။-

17. ရန်​သူ​တစ်​ယောက်​ကို​မြင်​လျှင်​သင်​တို့​ဘက် မှ​လူ​တစ်​ထောင်​ထွက်​ပြေး​ကြ​လိမ့်​မည်။ ရန် သူ​ငါး​ယောက်​ဆို​လျှင် သင်​တို့​အား​လုံး​ပင် ထွက်​ပြေး​ကြ​လိမ့်​မည်။ တောင်​ထိပ်​တွင်​အ​ထီး တည်း​စိုက်​ထူ​ထား​သည့်​အ​လံ​တိုင်​မှ​တစ်​ပါး သင်​တို့​၏​တပ်​မ​တော်​မှ​အ​ဘယ်​အ​ရာ​မျှ ကျန်​ရှိ​ခဲ့​လိမ့်​မည်​မ​ဟုတ်။-

18. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ရန် စောင့်​ဆိုင်း​၍​နေ​တော်​မူ ပါ​၏။ ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​ကို အ​စဉ်​ပြု​တော်​မူ​တတ်​သည်​ဖြစ်​၍ သင်​တို့ အား​က​ရု​ဏာ​ပြ​တော်​မူ​ရန်​အ​သင့်​ရှိ တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည် ကိုး​စား​ကြ​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

19. ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့၊ သင်​တို့​သည်​ငို​ယို​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော် မူ​တတ်​၏။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့ သင်​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​တော်​မူ​၍​အ​ဖြေ​ပေး လိမ့်​မည်။-

20. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဆိုး​ယုတ် ခက်​ခဲ​မှု​များ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​မည် ဖြစ်​သော်​လည်း ကိုယ်​တော်​တိုင်​ပင်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​၍​လမ်း​ပြ​သွန်​သင်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​လည်း​ကိုယ်​တော်​ကို ရှာ​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။-

21. လက်​ဝဲ​ဘက်​သို့​သော်​လည်း​ကောင်း၊ လက်​ယာ ဘက်​သို့​သော်​လည်း​ကောင်း သင်​တို့​လမ်း​မှား ၍​လိုက်​မိ​ကြ​သော​အ​ခါ``လမ်း​မှန်​ကား​ဤ မှာ​တည်း။ ဤ​လမ်း​အ​တိုင်း​လိုက်​ကြ​လော့'' ဟု​သင်​တို့​နောက်​မှ​နေ​၍​ကိုယ်​တော်​မိန့်​တော် မူ​သံ​ကို​ကြား​ရ​ကြ​လိမ့်​မည်။-

22. သင်​တို့​သည်​ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု များ​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု​များ ကို​ယူ​၍``ငါ​တို့​မျက်​မှောက်​မှ​သွား​ကြ​ပေ တော့'' ဟု​ဆို​ကာ၊ အ​ညစ်​အ​ကြေး​သ​ဖွယ် ပစ်​ထုတ်​လိုက်​လိမ့်​မည်။-

23. သင်​တို့​သီး​နှံ​များ​ကို​စိုက်​ပျိုး​ကြ​သည့် အ​ခါ​တိုင်း​အ​ပင်​ပေါက်​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​ကို​ရွာ​သွန်း​စေ​တော်​မူ လိမ့်​မည်။ သင်​တို့​ရိတ်​သိမ်း​ရန်​အ​သီး​အ​နှံ များ​ကို​လှိုင်​လှိုင်​ထွက်​စေ​၍ ကျွဲ​နွား​များ သည်​လည်း​စား​ကျက်​အ​လုံ​အ​လောက်​ရ​ရှိ ကြ​လိမ့်​မည်။-

24. သင်​တို့​လယ်​ယာ​များ​ကို​ထွန်​ယက်​ပေး​ကြ သည့်​နွား​များ၊ မြည်း​များ​သည်​ကောင်း​ပေ့၊ သန့်​ပေ့​ဆို​သည့်​အ​စာ​များ​ကို​စား​ရ​ကြ လိမ့်​မည်။-

25. သင်​တို့​သည်​ရန်​သူ့​ခံ​တပ်​များ​ကို​ဖမ်း​ဆီး သိမ်း​ယူ​ကာ သူ​တို့​အား​သတ်​ဖြတ်​လိုက်​သော အ​ခါ၊ တောင်​ကုန်း၊ တောင်​တန်း​ရှိ​သ​မျှ​ပေါ် မှ​ချောင်း​ရေ​တို့​သည်​စီး​ဆင်း​၍​လာ​လိမ့် မည်။-

26. လ​သည်​နေ​တ​မျှ​ထွန်း​လင်း​တောက်​ပ​လျက် နေ​သည်​လည်း ခု​နစ်​စင်း​ပြိုင်​တူ​ထွက်​သ​ကဲ့ သို့ ခါ​တိုင်း​ထက်​ခု​နစ်​ဆ​ထွန်း​လင်း​တောက်​ပ လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော် ရ​ရှိ​ခဲ့​သည်​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​အ​ဝတ် နှင့်​ပတ်​စည်း​၍ အ​နာ​များ​ကို​ကု​သ​ပျောက် ကင်း​စေ​တော်​မူ​သော​အ​ခါ၊ ဤ​အ​မှု​အ​ရာ အ​ပေါင်း​သည်​ဖြစ်​ပျက်​၍​လာ​လိမ့်​မည်။

27. ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ တော်​ကို​အ​ဝေး​မှ​ပင်​မြင်​နိုင်​ပါ​သည်​တ​ကား။ မီး​လျှံ​နှင့်​မီး​ခိုး​တို့​သည်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​ဖော်​ပြ​ကြ​၏။ ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သော​အ​ခါ​နှုတ်​တော်​ထွက်​စ​ကား​များ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​စေ​တတ်​၏။-

28. ကိုယ်​တော်​သည်​လေ​ပြင်း​ကို​တိုက်​ခတ်​စေ တော်​မူ​လိမ့်​မည်။ ထို​လေ​သည်​အ​ရာ​ခပ်​သိမ်း ကို​မြော​ပါ​သွား​စေ​တတ်​သည့်​မြစ်​ရေ​လျှံ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​ကို​ဆုံး​ပါး​ပျက်​စီး စေ​၍၊ သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကြံ​အ​စည် များ​ကို​ပျက်​ပြား​စေ​လိမ့်​မည်။-

29. သို့​ရာ​တွင်၊ အို ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​ဘာ​သာ​ရေး​ပွဲ​တော်​ညဥ့်​မှာ​ကဲ့ သို့​ပျော်​ရွှင်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သင် တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ် ကာ​ရာ​အ​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​သွား​ရာ​လမ်း​တွင် ပု​လွေ​သံ​နှင့်​စည်း​ချက် ကျ​ကျ​လမ်း​လျှောက်​၍​သွား​ကြ​သူ​တို့​ကဲ့ သို့​ပျော်​ရွှင်​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 30