ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 3:8-16 Common Language Bible (BCL)

8. ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။ ယု​ဒ​ပြည်​လည်း​ပြို​ပျက်​လျက်​နေ လေ​ပြီ။ သူ​တို့​ပြု​သ​မျှ​သော​အ​မှု​များ​နှင့် ပြော​သ​မျှ​သော​စ​ကား​များ​သည် ထာ​ဝ​ရ ဘု​ရား​နှင့်​ဆန့်​ကျင်​ဘက်​သာ​လျှင်​ဖြစ်​၍ နေ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကို​လူ​သိ​ရှင်​ကြား​စော်​ကား​ကြ​၏။-

9. သူ​တို့​၏​မျက်​နှာ​အ​မူ​အ​ရာ​က​သူ​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​ဖော်​ပြ​သက်​သေ​ခံ​လျက် ရှိ​ပေ​သည်။ သော​ဒုံ​မြို့​မှ​လူ​များ​ကဲ့​သို့​သူ တို့​သည်​အ​ပြစ်​ကို​ပေါ်​လွင်​ထင်​ရှား​စွာ​ပြု ကြ​၏။ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​သူ​တို့ ကိုယ်​တိုင်​ပင်​ဖန်​တီး​ပေး​ကြ​လေ​ပြီ။

10. သူ​တော်​ကောင်း​တို့​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ သူ တို့​အ​တွက်​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​၏​ကောင်း​ကျိုး​ကို​ခံ​စား​ရ ကြ​လိမ့်​မည်။-

11. သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။

12. ငွေ​ချေး​စား​သူ​တို့​သည်​ငါ​၏​လူ​များ​အား နှိပ်​စက်​ကြ​၏။ ငွေ​ရှင်​ကြေး​ရှင်​များ​က​သူ​တို့ အား​လိမ်​လည်​လှည့်​ဖြား​ကြ​၏။ ငါ​၏​လူ​တို့၊ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​သင်​တို့​အား လမ်း​မှား​ကို​ပြ​လျက်​နေ​သ​ဖြင့် သင်​တို့​သည် အ​ဘယ်​လမ်း​သို့​လိုက်​ရ​မည်​ကို​ပင်​မ​သိ နိုင်​ကြ​တော့​ပေ။

13. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​မှု​ကို​ဖော်​ပြ ရန်​အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​ရန်​အ​သင့်​ရှိ တော်​မူ​၏။-

14. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အ​ထဲ​မှ အ​သက်​ကြီး​သူ​များ​နှင့်​ဦး​စီး ခေါင်း​ဆောင်​များ​အား​တ​ရား​စီ​ရင်​တော်​မူ ပေ​အံ့။ သူ​တို့​အား​ကိုယ်​တော်​က``သင်​တို့​သည် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​လု​ယက်​ကြ​လေ​ပြီ။ သင်​တို့​၏​အိမ်​များ​သည်​လည်း​ဆင်း​ရဲ​သူ တို့​ထံ​မှ​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ နှင့်​ပြည့်​လျက်​နေ​၏။-

15. သူ​တို့​တွင်​ငါ​၏​လူ​မျိုး​တော်​အား​ဤ​သို့ နှိပ်​စက်​ပိုင်​ခွင့်၊ ဆင်း​ရဲ​သူ​တို့​အ​ပေါ်​၌​အ​ခွင့် ကောင်း​ယူ​ပိုင်​ခွင့်​လည်း​မ​ရှိ။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

16. ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သူ​တို့ သည်​အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​လျက်​နေ​သည် ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​လည်​ကို​မော်​၍ သွား​လာ​တတ်​ကြ​၏။ အ​စဉ်​ပင်​လျှပ်​ပေါ်​လော် လီ​ကာ​နေ​ကြ​၏။ သူ​တို့​၏​ခြေ​လှမ်း​က​လေး များ​သည်​သာ​ယာ​ညင်း​ပျောင်း​လှ​၍ သူ​တို့​၏ ခြေ​ချင်း​များ​သည်​လည်း​တ​ချွင်​ချွင်​မြည် လျက်​ရှိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 3