ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 29:13-24 Common Language Bible (BCL)

13. ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-

14. သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။

15. မိ​မိ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ ဖုံး​ကွယ်​ထား​ရန်​ကြိုး​စား သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​စီ​မံ​ကိန်း​များ​ကို​လျှို့​ဝှက်​၍ အ​ကောင်​အ​ထည်​ဖော်​ကာ​မိ​မိ​တို့​အား အ​ဘယ်​သူ​မျှ​မြင်​လိမ့်​မည်​မ​ဟုတ်။ မိ​မိ တို့​ပြု​သော​အ​မှု​တို့​ကို​လည်း​အ​ဘယ်​သူ မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​တတ် ကြ​၏။-

16. သူ​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​က​ပြောင်း​က ပြန်​ဖြစ်​စေ​တတ်​ကြ​၏။ အိုး​ထိန်း​သည်​နှင့် အိုး​မြေ​တို့​တွင် အ​ဘယ်​သူ​က​ပို​၍​အ​ရေး ကြီး​ပါ​သ​နည်း။ လူ့​လက်​ဖြင့်​ပြီး​သော​အ​ရာ တစ်​ခု​က​လူ​ကို​ပြန်​၍``ငါ​သည်​သင်​ပြု​လုပ် ထား​သည့်​အ​ရာ​မ​ဟုတ်'' ဟူ​၍​သော်​လည်း ကောင်း``သင်​သည်​မိ​မိ​ပြု​လုပ်​လျက်​နေ​သည့် အ​မှု​ကို​မ​သိ'' ဟူ​၍​သော်​လည်း​ကောင်း ဆို​နိုင်​ပါ​မည်​လော။

17. စ​ကား​ပုံ​ရှိ​သ​ကဲ့​သို့ မ​ကြာ​မီ​ပင်​တော နက်​သည်​လယ်​ပြင်​ဖြစ်​၍​လာ​လိမ့်​မည်။ လယ် ပြင်​သည်​လည်း​သစ်​တော​ပြန်​၍​ဖြစ်​လာ လိမ့်​မည်။

18. ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော အ​ခါ​နား​ဆွံ့​သူ​များ​သည် စာ​ဖတ်​သည့် အ​သံ​ကို​ကြား​လိမ့်​မည်။ မှောင်​မိုက်​တွင်​နေ ထိုင်​ရ​သူ​မျက်​မ​မြင်​များ​သည်​လည်း မျက်​စိ​ပွင့်​၍​မြင်​ကြ​လိမ့်​မည်။-

19. ဆင်း​ရဲ​သူ​များ​နှင့်​နှိမ့်​ချ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ် သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​တစ် ဖန်​ပြန်​၍​ရ​ရှိ​ကြ​လိမ့်​မည်။-

20. သူ​တစ်​ပါး​တို့​ကို​ဖိ​နှိပ်​ချုပ်​ချယ်​ကာ​ဘု​ရား​သ​ခင်​အား မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​သည် အ​စ​တုံး​ကြ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ မှန်​သ​မျှ​သည်​ဆုံး​ပါး​ပျက်​စီး​ကြ​လိမ့်​မည်။-

21. ဘု​ရား​သ​ခင်​သည်​သူ​တစ်​ပါး​တို့​ကို အ​သ​ရေ​ဖျက်​သူ​များ၊ ရာ​ဇ​ဝတ်​သင့်​သူ တို့​ကို​အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​အောင်​ဆောင် ရွက်​ကြ​သူ​များ​နှင့်​ရိုး​ဖြောင့်​သူ​တို့​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​မ​ခံ​ရ​စေ ရန်​လိမ်​လည်​၍ သက်​သေ​ခံ​သော​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။

22. ထို့​ကြောင့်​အာ​ဗြ​ဟံ​အား​ဆင်း​ရဲ​ဒုက္ခ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က``အို ငါ​၏​လူ​မျိုး​တော်၊ သင်​တို့ သည် အ​သ​ရေ​ပျက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ အ​ရှက်​ရ​၍​မျက်​နှာ​ပျက်​ရကြ​တော့​မည် မ​ဟုတ်။-

23. သင်​တို့​သည်​ငါ​ပေး​သ​နား​မည့်​သား​သ​မီး များ​ကို​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။ ထို​အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့် ရှင်း​မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လိမ့်​မည်။ ငါ့​အား​လေး​စား ကြည်​ညို​ကာ​ရို​သေ​လေး​စား​ကြောက်​ရွံ့​ကြ လိမ့်​မည်။-

24. လူ​မိုက်​များ​သည်​အ​သိ​တ​ရား​ရှိ​၍​လာ လိမ့်​မည်။ ညည်း​ညူ​နေ​သူ​များ​နှင့်​ခေါင်း​မာ နေ​သူ​များ​သည်​လည်း ဆုံး​မ​သြ​ဝါ​ဒ ကို​ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 29