ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 29:10-18 Common Language Bible (BCL)

10. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​လွယ် တ​ကူ​အိပ်​မော​ကျ​၍​သွား​စေ​တော်​မူ​လိမ့် မည်။ ပ​ရော​ဖက်​များ​သည်​လူ​တို့​၏​မျက်​စိ များ​ဖြစ်​သင့်​သော်​လည်း​ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​များ​ကို​ဖုံး​ပိတ်​၍​ထား တော်​မူ​၏။-

11. ဗျာ​ဒိတ်​ရူ​ပါ​ရုံ​မှန်​သ​မျှ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် များ​သည် တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​စာ​လိပ်​ကဲ့ သို့ သင်​တို့​အ​တွက်​ဖုံး​ကွယ်​၍​နေ​လိမ့်​မည်။ စာ ဖတ်​တတ်​သူ​တစ်​ဦး​အား​သင်​အ​ဖတ်​ခိုင်း​ပါ မူ ထို​သူ​က``ဤ​စာ​လိပ်​ကို​တံ​ဆိပ်​ခတ်​နှိပ်​ထား သ​ဖြင့် အ​ကျွန်ုပ်​ဖတ်​၍​မ​ရ​ပါ'' ဟု​ဆို လိမ့်​မည်။-

12. စာ​မ​ဖတ်​တတ်​သူ​ကို​အ​ဖတ်​ခိုင်း​လျှင်​လည်း ထို​သူ​က``အ​ကျွန်ုပ်​အ​ဘယ်​သို့​ဖတ်​ရ​မည် မ​သိ​ပါ'' ဟု​ဆို​လိမ့်​မည်။

13. ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-

14. သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။

15. မိ​မိ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ ဖုံး​ကွယ်​ထား​ရန်​ကြိုး​စား သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​စီ​မံ​ကိန်း​များ​ကို​လျှို့​ဝှက်​၍ အ​ကောင်​အ​ထည်​ဖော်​ကာ​မိ​မိ​တို့​အား အ​ဘယ်​သူ​မျှ​မြင်​လိမ့်​မည်​မ​ဟုတ်။ မိ​မိ တို့​ပြု​သော​အ​မှု​တို့​ကို​လည်း​အ​ဘယ်​သူ မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​တတ် ကြ​၏။-

16. သူ​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​က​ပြောင်း​က ပြန်​ဖြစ်​စေ​တတ်​ကြ​၏။ အိုး​ထိန်း​သည်​နှင့် အိုး​မြေ​တို့​တွင် အ​ဘယ်​သူ​က​ပို​၍​အ​ရေး ကြီး​ပါ​သ​နည်း။ လူ့​လက်​ဖြင့်​ပြီး​သော​အ​ရာ တစ်​ခု​က​လူ​ကို​ပြန်​၍``ငါ​သည်​သင်​ပြု​လုပ် ထား​သည့်​အ​ရာ​မ​ဟုတ်'' ဟူ​၍​သော်​လည်း ကောင်း``သင်​သည်​မိ​မိ​ပြု​လုပ်​လျက်​နေ​သည့် အ​မှု​ကို​မ​သိ'' ဟူ​၍​သော်​လည်း​ကောင်း ဆို​နိုင်​ပါ​မည်​လော။

17. စ​ကား​ပုံ​ရှိ​သ​ကဲ့​သို့ မ​ကြာ​မီ​ပင်​တော နက်​သည်​လယ်​ပြင်​ဖြစ်​၍​လာ​လိမ့်​မည်။ လယ် ပြင်​သည်​လည်း​သစ်​တော​ပြန်​၍​ဖြစ်​လာ လိမ့်​မည်။

18. ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော အ​ခါ​နား​ဆွံ့​သူ​များ​သည် စာ​ဖတ်​သည့် အ​သံ​ကို​ကြား​လိမ့်​မည်။ မှောင်​မိုက်​တွင်​နေ ထိုင်​ရ​သူ​မျက်​မ​မြင်​များ​သည်​လည်း မျက်​စိ​ပွင့်​၍​မြင်​ကြ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 29