ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 28:15-29 Common Language Bible (BCL)

15. သင်​တို့​သည်​သေ​မင်း​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ထား​ပြီ​ဟူ​၍​လည်း​ကောင်း၊ မ​ရ​ဏ နိုင်​ငံ​နှင့်​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​ပြီ​ဟူ​၍ လည်း​ကောင်း​ကြွား​ဝါ​တတ်​ကြ​၏။ သင်​တို့ သည်​လိမ်​လည်​လှည့်​စား​မှု​များ​ကို​အ​မှီ သ​ဟဲ​ပြု​ကာ​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရှာ​သူ များ​ဖြစ်​သ​ဖြင့် ဘေး​အန္တ​ရာယ်​ကျ​ရောက် ချိန်​၌​လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့် မည်​ဟု​စွဲ​မှတ်​ယုံ​ကြည်​ကြ​လေ​သည်။-

16. ယ​ခု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား``ငါ​သည်​ဇိ​အုန်​တောင် တွင်​တည်​တံ့​ခိုင်​မြဲ​သည့်​အုတ်​မြစ်​ကို​ချ တော်​မူ​မည်။ ငါ​သည်`ခိုင်​မြဲ​စွာ​ယုံ​ကြည်​မျှော် လင့်​တတ်​သူ​သည် သည်း​ခံ​လျက်​စောင့်​ဆိုင်း တတ်​၏' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ပါ​ရှိ​သည့် အ​ဖိုး​တန်​ထောင့်​ချုပ်​ကျောက်​ကို​လည်း​ထို အုတ်​မြစ်​တွင်​ထည့်​သွင်း​ထား​ရှိ​မည်။-

17. ထို​အုတ်​မြစ်​အ​တွက်​တရား​မျှ​တ​မှု​ကို တံ​မျဉ်း​ကြိုး၊ ရိုး​သား​ဖြောင့်​မှန်​မှု​ကို​ချိန် သီး​ကြိုး​အ​ဖြစ်​အ​သုံး​ပြု​မည်။ထို​ကြောင့်​ငါ​သည်​မိုး​သီး​မုန်​တိုင်း​သ​ဖွယ် သင်​တို့​၏​အ​မှီ​သ​ဟဲ​ဖြစ်​သည့်​လိမ်​လည် မှု​များ​ကို သိမ်း​ကျုံး​ဖယ်​ရှား​ကာ​မြစ်​လျှံ ရေ​ကဲ့​သို့ သင်​တို့​၏​လုံ​ခြုံ​မှု​ကို​လည်း​လွှမ်း မိုး​ပျက်​ပြား​စေ​တော်​မူ​မည်။

18. သင်​တို့​သည်​သေ​မင်း​နှင့်​ချုပ်​ဆို​ထား​သည့်​စာ ချုပ်​ကို​ပယ်​ဖျက်​၍ မ​ရ​ဏ​နိုင်​ငံ​နှင့်​ရ​ရှိ​ထား သည့်​သ​ဘော​တူ​ညီ​မှု​ကို​လည်း​ရုပ်​သိမ်း​ရ ကြ​လိမ့်​မည်။ ရန်​သူ​များ​ချင်း​နင်း​ဝင်​ရောက် လာ​သော​အ​ခါ သင်​တို့​သည်​အ​ရေး​ရှုံး​နိမ့် ကြ​လိမ့်​မည်။-

19. သူ​တို့​သည်​သင်​တို့​အား​နံ​နက်​တိုင်း​ထပ်​ကာ ထပ်​ကာ​တိုက်​ခိုက်​ကြ​လိမ့်​မည်။ သင်​တို့​သည် နေ့​ရော​ညဥ့်​ပါ​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​သည့် အ​ခါ​တိုင်း ထိတ်​လန့်​၍​နေ​ကြ​လိမ့်​မည်။-

20. သင်​တို့​သည်``ငယ်​လွန်း​သော​စောင်​ကို​ခြုံ​၍ တို​လွန်း​သော​ကု​တင်​တွင်​အိပ်​ရန်​ကြိုး​စား သူ'' ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-

21. ထာ​ဝ​ရ​ဘု​ရား​သည်​ပေ​ရ​ဇိမ်​တောင်​နှင့် ဂိ​ဗောင်​ချိုင့်​ဝှမ်း​တွင် ပြု​တော်​မူ​ခဲ့​သည့်​နည်း တူ​စစ်​ချီ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် မိ​မိ​ပြု​ရန်​ရှိ​သည့်​အ​မှု​ကို​ပြီး​ပြတ်​အောင် ဆောင်​ရွက်​တော်​မူ​လိမ့်​မည်။ ထို​အ​မှု​ကား နက်​နဲ​သိမ်​မွေ့​သည့်​အ​ရာ​ဖြစ်​၏။

22. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​တစ် ပြည်​လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​ရန် သန္နိ​ဋ္ဌာန် ချ​မှတ်​ပြီး​ကြောင်း​ငါ​ကြား​သိ​ရ​လေ​ပြီ။ သင်​တို့​အား​ငါ​သ​တိ​ပေး​သည်​ကို​ပြက် ရယ်​မ​ပြု​ကြ​နှင့်။ ပြက်​ရယ်​ပြု​ကြ​ပါ​မူ သင်​တို့​သည်​အ​သက်​ဘေး​မှ​လွတ်​ကင်း ရန်​ပို​၍​ပင်​ခဲ​ယဉ်း​ပေ​လိမ့်​မည်။

23. ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့ အား​ငါ​ပြော​သည့်​စ​ကား​ကို​အာ​ရုံ​စိုက်​၍ နား​ထောင်​ကြ​လော့။-

24. အ​ဘယ်​လယ်​သ​မား​မျှ​စိုက်​ပျိုး​မှု​အ​တွက် မိ​မိ​၏​လယ်​ကို​အ​စဉ်​အ​မြဲ​ထွန်​ယက်​ပြင် ဆင်​၍​မ​နေ​တတ်။-

25. မြေ​ကို​ပြု​ပြင်​ပြီး​လျှင်​သူ​သည်​စ​မုန်​နက်၊ ဇီ​ယာ​အ​စ​ရှိ​သည့်​မျိုး​စေ့​များ​ကို​စိုက် ပျိုး​တတ်​၏။ ဂျုံ​စ​ပါး​နှင့်​မု​ယော​စ​ပါး​ကို အ​တန်း​လိုက်​စိုက်​ပျိုး​ကာ၊ လယ်​အ​နား​စွန်း တို့​တွင်​အ​ခြား​သော​သီး​နှံ​များ​ကို​စိုက် ပျိုး​တတ်​လေ​သည်။-

26. ဘု​ရား​သ​ခင်​သည်​သူ့​အား​အ​သိ​ဉာဏ်​ပေး ထား​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ​အ​ဘယ် သို့​လုပ်​ဆောင်​ရ​မည်​ကို​သိ​၏။-

27. စ​မုန်​နက်​နှင့်​ဇီ​ယာ​နှံ​များ​ကို​တင်း​ပုတ်​နှင့် ရိုက်​၍​မ​နယ်​တတ်။ ယင်း​သို့​ပြု​မည့်​အ​စား ထိုက်​လျောက်​ရာ​တုတ်​ငယ်​ဖြင့်​သာ​လျှင် ရိုက်​နယ်​တတ်​၏။-

28. သူ​သည်​ဂျုံ​နှံ​များ​ကို​လည်း​အ​ဆက်​မ​ပြတ် နင်း​နယ်​ခြင်း​အား​ဖြင့် ဂျုံ​ဆံ​အ​များ​ပျက်​စီး အောင်​မ​ပြု​တတ်။ ဂျုံ​ဆံ​များ​မ​ပွန်း​မ​ပဲ့​ရ လေ​အောင်​လှည်း​ဖြင့်​အ​ဘယ်​သို့​နင်း​နယ်​ရ မည်​ကို​သိ​၏။-

29. သူ​သည်​ဤ​အ​သိ​ပ​ညာ​မှန်​သ​မျှ​ကို အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​ရှိ ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​ကြံ​အ​စည်​တော်​တို့​သည် ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​နှင့်​ပြည့်​စုံ​၍​အ​စဉ်​အောင် မြင်​မှု​ရှိ​ပါ​ပေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 28