ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 28:1-17 Common Language Bible (BCL)

1. ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​မ​င်္ဂ​လာ​ရှိ​၏။ မိ​မိ ၏​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​များ​ဆောင်း ထား​သည့်​ပန်း​ဦး​ရစ်​များ​နွမ်း​သ​ကဲ့​သို့၊ ထို နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​သည်​ညှိုး​နွမ်း​လျက် နေ​၏။ ထို​ခေါင်း​ဆောင်​တို့​သည်​ဝင့်​ဝါ​မော်​ကြွား ကာ၊ မိ​မိ​တို့​ဦး​ခေါင်း​ကို နံ့​သာ​ဆီ​မွှေး​ကောင်း စွာ​လိမ်း​၍​ထား​ကြ​သော်​လည်း​သေ​သောက် ကြူး​ကာ​လဲ​၍​နေ​ကြ​၏။-

2. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် စေ​ရန် တန်​ခိုး​ခွန်​အား​ကြီး​မား​သူ​တစ်​ဦး ကို​အ​သင့်​ထား​ရှိ​တော်​မူ​၏။ ထို​သူ​သည် မိုး​သီး​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ပြင်း​သည့်​မိုး​ကဲ့​သို့​လည်း​ကောင်း၊ ထိန်း​ချုပ် ၍​မ​ရ​နိုင်​သည့်​မြစ်​လျှံ​ရေ​ကဲ့​သို့​လည်း ကောင်း တစ်​ပြည်​လုံး​ကို​လွှမ်း​ခြုံ​နှိမ်​နင်း ပစ်​လိမ့်​မည်။-

3. ထို​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​တို့ ဂုဏ်​ယူ​ဝါ​ကြွား​မှု​သည် ခြေ​နှင့်​နင်း​ချေ ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-

4. မာန်​မာ​န​ထောင်​လွှား​သူ​ခေါင်း​ဆောင်​များ ၏​မှေး​မှိန်​လျက်​နေ​သော​ဂုဏ်​အ​သ​ရေ​သည် မှည့်​သည်​နှင့်​တစ်​ပြိုင်​နက်​ခူး​ဆွတ်​စား​သုံး လိုက်​သည့်​ရာ​သီ​စာ​သ​င်္ဘော​သ​ဖန်း​သီး များ​ကဲ့​သို့​ကွယ်​ပျောက်​၍​သွား​လိမ့်​မည်။

5. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​ခဲ့​သည့်​မိ​မိ​၏​လူ​မျိုး​တော် အ​တွက် ဘုန်း​အ​သ​ရေ​တောက်​ပ​သော​ဦး​ရစ် သ​ရ​ဖူ​သ​ဖွယ် ဖြစ်​တော်​မူ​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-

6. ကိုယ်​တော်​သည်​တ​ရား​သူ​ကြီး​အ​ဖြစ်​ဆောင် ရွက်​ရ​သူ​တို့​အား တ​ရား​မျှ​တ​စွာ​ပြု​ကျင့် တတ်​သော​စိတ်​နေ​သ​ဘော​ထား​ကို​လည်း​ကောင်း၊ ရန်​သူ​တို့​ကို​မြို့​တံ​ခါး​များ​မှ​နှင်​ထုတ်​ရ ကြ​သော​သူ​တို့​အား ရဲ​စွမ်း​သတ္တိ​ကို​လည်း ကောင်း​ပေး​တော်​မူ​လိမ့်​မည်။

7. ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင် လျှင် သေ​သောက်​ကြူး​ကြ​သ​ဖြင့်​ယိမ်း​ထိုး​၍ နေ​ကြ​၏။ သူ​တို့​သည်​စ​ပျစ်​ရည်​နှင့်​သေ​ရည် အ​သောက်​လွန်​သ​ဖြင့် ဂ​ယောင်​ချောက်​ချား​ဖြစ် ကာ​ခြေ​ချော်​၍​လဲ​ကြ​၏။ ပ​ရော​ဖက်​တို့​သည် မူး​ယစ်​လျက်​နေ​ရ​ကား ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ ယဇ်​ပု​ရော​ဟိတ် တို့​သည်​လည်း မိ​မိ​တို့​ထံ​သို့​ရောက်​ရှိ​လာ သည့်​အ​မှု​များ​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် မ​တတ်​ကြ။-

8. သူ​တို့​၏​စား​ပွဲ​များ​သည်​ရ​စ​ရာ​မ​ရှိ အောင်​အန်​ဖတ်​များ​နှင့်​ပေ​ကျံ​၍​နေ​တော့​၏။

9. သူ​တို့​က``ဤ​သူ​သည်​ငါ​တို့​အား​အ​ဘယ် သူ​ထင်​မှတ်​၍ သွန်​သင်​နေ​ပါ​သ​နည်း။ သူ ၏​သ​တင်း​စ​ကား​သည်​အ​ဘယ်​သူ​တို့ အ​တွက်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။ နို့​ဖြတ် ကာ​စ​က​လေး​များ​နှင့်​သာ​လျှင်​သင့် တော်​ပေ​သည်။-

10. သူ​သည်​ငါ​တို့​အား​ကြိုး​စား​၍​လုံး​စေ့ ပတ်​စေ့၊ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ် ပြီး​တစ်​ပိုဒ်​သင်​ကြား​လျက်​နေ​၏'' ဟု​ငါ ၏​အ​ကြောင်း​ညဉ်း​ညူ​ပြော​ဆို​ကြ​လေ သည်။

11. အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်​ကြ​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​ထူး ဆန်း​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သူ လူ မျိုး​ခြား​တို့​ကို​အ​သုံး​ပြု​တော်​မူ​လိမ့်​မည်။-

12. ကိုယ်​တော်​သည်​သင်​တို့​အား​ငြိမ်း​အေး​ချမ်း​မြေ့ စွာ​နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​သော်​လည်း သင် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ​ထောင် ကြ။-

13. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​လုံး​စေ့​ပတ်​စေ့ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ်​ပြီး​တစ် ပိုဒ် သွန်​သင်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့ သည်​ခြေ​လှမ်း​လိုက်​တိုင်း​လဲ​ကျ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ​လျက်​ကျော့ ကွင်း​တွင်​မိ​ကာ​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။

14. ယ​ခု​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​လူ​တို့​အား အုပ်​စိုး​လျက်​ရှိ​သည့်​အ​ချင်း​မောက်​မာ ထောင်​လွှား​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-

15. သင်​တို့​သည်​သေ​မင်း​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ထား​ပြီ​ဟူ​၍​လည်း​ကောင်း၊ မ​ရ​ဏ နိုင်​ငံ​နှင့်​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​ပြီ​ဟူ​၍ လည်း​ကောင်း​ကြွား​ဝါ​တတ်​ကြ​၏။ သင်​တို့ သည်​လိမ်​လည်​လှည့်​စား​မှု​များ​ကို​အ​မှီ သ​ဟဲ​ပြု​ကာ​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရှာ​သူ များ​ဖြစ်​သ​ဖြင့် ဘေး​အန္တ​ရာယ်​ကျ​ရောက် ချိန်​၌​လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့် မည်​ဟု​စွဲ​မှတ်​ယုံ​ကြည်​ကြ​လေ​သည်။-

16. ယ​ခု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား``ငါ​သည်​ဇိ​အုန်​တောင် တွင်​တည်​တံ့​ခိုင်​မြဲ​သည့်​အုတ်​မြစ်​ကို​ချ တော်​မူ​မည်။ ငါ​သည်`ခိုင်​မြဲ​စွာ​ယုံ​ကြည်​မျှော် လင့်​တတ်​သူ​သည် သည်း​ခံ​လျက်​စောင့်​ဆိုင်း တတ်​၏' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ပါ​ရှိ​သည့် အ​ဖိုး​တန်​ထောင့်​ချုပ်​ကျောက်​ကို​လည်း​ထို အုတ်​မြစ်​တွင်​ထည့်​သွင်း​ထား​ရှိ​မည်။-

17. ထို​အုတ်​မြစ်​အ​တွက်​တရား​မျှ​တ​မှု​ကို တံ​မျဉ်း​ကြိုး၊ ရိုး​သား​ဖြောင့်​မှန်​မှု​ကို​ချိန် သီး​ကြိုး​အ​ဖြစ်​အ​သုံး​ပြု​မည်။ထို​ကြောင့်​ငါ​သည်​မိုး​သီး​မုန်​တိုင်း​သ​ဖွယ် သင်​တို့​၏​အ​မှီ​သ​ဟဲ​ဖြစ်​သည့်​လိမ်​လည် မှု​များ​ကို သိမ်း​ကျုံး​ဖယ်​ရှား​ကာ​မြစ်​လျှံ ရေ​ကဲ့​သို့ သင်​တို့​၏​လုံ​ခြုံ​မှု​ကို​လည်း​လွှမ်း မိုး​ပျက်​ပြား​စေ​တော်​မူ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 28