ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 27:1-8 Common Language Bible (BCL)

1. ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား ထက်​မြက်​သော​ဋ္ဌား​တော်​ဖြင့် တွန့်​လိမ်​လျက်​နေ သည့်​မြွေ​ကြီး​လ​ဝိ​သန်​ကို​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​၍၊ ပင်​လယ်​န​ဂါး​ကြီး​ကို​လည်း​သတ် တော်​မူ​လိမ့်​မည်။

2. ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ သာ​ယာ​သော​စ​ပျစ်​ဥ​ယျာဉ်​နှင့်​ပတ်​သက်​၍၊-

3. ``ငါ​သည်​ဤ​ဥ​ယျာဉ်​ကို​အ​ခါ​မ​လပ်​စောင့် ကြပ်​ကြည့်​ရှု​ကာ​ရေ​လောင်း​၏။ အ​ဘယ်​သူ​မျှ မ​ဖျက်​ဆီး​နိုင်​စေ​ရန်​နေ့​ရော​ညဥ့်​ပါ​စောင့်​ကြပ် ကြည့်​ရှု​၏။-

4. စ​ပျစ်​ဥ​ယျာဉ်​အ​ပေါ်​၌​ငါ​အ​မျက်​မ​ထွက် တော့​ပြီ။ ငါ​ခုတ်​ထွင်​ပစ်​ရန်​ဆူး​ပင်​မျိုး​စုံ​ရှိ စေ​ချင်​ပါ​ဘိ။ ယင်း​တို့​ကို​ငါ​သည်​လုံး​ဝ မီး​ရှို့​ပစ်​မည်။-

5. သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​၏​ရန်​သူ​များ သည် ငါ​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​အ​လို​ရှိ ပါ​မူ ငါ​နှင့်​ပြေ​လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် ဆောင်​ရွက်​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​နှင့်​ပြေ လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် အ​မှန်​ပင်​ဆောင် ရွက်​ကြ​ရာ​၏'' ဟု​မိန့်​တော်​မူ​လိမ့်​မည်။

6. ထို​နေ့​၌​ယာ​ကုပ်​၏​သား​မြေး​များ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သစ်​ပင်​သ​ဖွယ် အ​မြစ်​စွဲ​၍​ဖူး​ပွင့်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး သည်​သူ​တို့​၏​သား​မြေး​များ​နှင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။

7. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရန်​သူ များ​လောက် ပြင်း​ထန်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ အ​ပြစ်​ဒဏ်​ကို​မ​ခံ​ရ​ကြ၊ ရန်​သူ​များ​လောက် လည်း​မ​သေ​ရ​ကြ။-

8. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​အား ပြည်​နှင်​ဒဏ်​ပေး​၍​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သူ​တို့​သည်​အ​ရှေ့​မှ​လာ​သော​လေ​ပြင်း​မုန် တိုင်း​တွင်​လွင့်​ပါ​သွား​ရ​ဘိ​သ​ကဲ့​သို့ မိ​မိ တို့​ပြည်​မှ​ထွက်​ခွာ​သွား​ရ​ကြ​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 27