ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ရှာ​ယ 25:1-7 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ချီး​မြှောက်​၍ နာ​မ​တော်​ကို​ထော​မ​နာ​ပြု​ပါ​မည်။ကိုယ်​တော်​ရှင်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို ပြု​တော်​မူ​ပါ​ပြီ။ရှေး​မ​ဆွ​က​ပင်​ပြု​တော်​မူ​ခဲ့​သည့် အ​ကြံ​အ​စည်​တော်​တို့​ကို၊တိ​ကျ​စွာ​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​ပြီ။

2. ကိုယ်​တော်​ရှင်​သည်​မြို့​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် နေ​စေ​တော်​မူ​၍၊မြို့​တံ​တိုင်း​တို့​ကို​လည်း​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​တည်​ဆောက်​ခဲ့​သည့် နန်း​တော်​များ​သည်ထာ​ဝ​စဉ်​ကွယ်​ပျောက်​၍​သွား​လေ​ပြီ။

3. တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး​တို့​သည်​ကိုယ်​တော် ရှင်​ကို ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​လည်းကိုယ်​တော်​အား​ကြောက်​လန့်​၍​နေ​ကြ​ပါ​လိမ့်​မည်။

4. ဆင်း​ရဲ​သူ​နှင့် ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ခို​လှုံ​ကြ​သ​ဖြင့် ဒုက္ခ​ရောက်​ချိန်​၌​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ ပါ​ပြီ။ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​မိုး​သက်​မုန်​တိုင်း​မှ အ​ကာ​အ​ကွယ်​ကို​လည်း​ကောင်း၊ပြင်း​ထန်​သည့်​အ​ပူ​ရှိန်​မှ​ခို​လှုံ​ရန်​အ​ရိပ် အာ​ဝါ​သ ကို​လည်း​ကောင်း​ပေး​တော်​မူ​ပါ​၏။ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏​တိုက်​ခိုက်​မှု​သည်၊ဆောင်း​လေ​ပြင်း​နှင့်​လည်း​ကောင်း၊

5. ခြောက်​သွေ့​ရာ​ဒေ​သ​တွင်​မိုး​ခေါင်​မှု​နှင့် လည်း​ကောင်း၊ တူ​ပါ​၏။သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​တို့​ရန်​သူ​များ​၏​အ​သံ​ကို တိတ်​စေ​တော်​မူ​ပါ​ပြီ။မိုး​တိမ်​သည်​ပူ​အိုက်​သည့်​နေ​ကို​အေး​မြ​လာ​စေ သ​ကဲ့​သို့၊ကိုယ်​တော်​ရှင်​သည်​ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏ အော်​ဟစ်​သံ​ကို​တိတ်​စေ​တော်​မူ​ပါ​၏။

6. အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန် တောင်​တော်​ပေါ်​တွင်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ တို့​အ​တွက် အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​ခဲ​ဖွယ်​များ နှင့်​အ​ကောင်း​ဆုံး​စ​ပျစ်​ရည်​များ​ဖြင့် ည​စာ စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​တော်​မူ​လိမ့်​မည်။-

7. ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​အုံ့​မှိုင်း​လျက်​ရှိ နေ​သည့်​ဝမ်း​နည်း​ဖွယ်​မိုး​တိမ်​လွှာ​ကို လူ​မျိုး တ​ကာ​တို့​အ​ပေါ်​မှ​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ရှာ​ယ 25